⚛ _ 5

1.7K 200 15
                                    

နေ့လည်ခင်းဖြစ်သော်ငြား ပတ်ဝန်းကျင့်တစ်ဝိုက်ဟာ အဖြူရောင်နှင်းများနေရာယူထားသည်မှာ နေရောင်ပင် ခြေချစရာမရှိပေ။ မြတ်နိုးစရာကောင်းသော ငွေနှင်းမှုန်များအောက် ပန်းသွေးရောင် ချယ်ရီပွင့်ဖတ်တို့က လေထဲဝဲလည်ကာ မြေပေါ်သို့ဖြည်းညှင်းစွာကျနေသည် ။

ထိုမြင်ကွင်း လှပသော်ငြား ထိုထက်လှပသော လူသည် မြေခလုစဲစဲ ချယ်ရီပွင့်ဖတ်တို့အား လက်လှမ်းနေခြင်းပင်ဖြစ်၏ ။ ရိပေါ်သာ ကလေးတစ်ယောက် ဖြစ်လျှင် မြင်တွေ့နေရသော ထိုလူရဲ့ခါးသိမ်သိမ်အား တင်းကြပ်စွာ ပြေးဖက်မိမည်ထင် ။ အေးစိမ့်လွန်းသော ရာသီဥတုနဲ့မလိုက် လက်အိတ်မဝတ်ထားသော ထိုလူက အရင်လို အအေးကြိုက်တုန်းလား..?

" အအေးမိတော့မယ် ခဗျားရယ် ''

စိုးရိမ်မှုက အစိုးမရဘူး...။ လက်က ဒဏ်ရာအသေးလေးတွေက အေးပြီးကိုက်နေရင် ဘယ်လိုလုပ်မလဲ..? ဒါပေမယ့် ရိပေါ်ဘာတတ်နိုင်မှာလဲ? အရင်လို ဒီလူ့အနား မခွဲမခွာရှိနေပြီး ဂရုစိုက်ချင်သော်လည်း ရိပေါ်ပြန်ရမှာ ဒီလူ့ရဲ့ဥပေက္ခာမှန်းကြိုသိနေမိတော့ ။

မုန်းမယ် မုန်းမယ်နဲ့ ရိပေါ်ကတော့ ရှောင်းကျန့်ကို အဆုံးထိ ချစ်မိနေတော့တာပဲ...။

ဘယ်တတ်နိုင်မလဲ..? ခဗျားကိုမမုန်းရက်တော့ ချစ်နေမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ပြန်မုန်းပြစ်ရမှာပေါ့..။

" သခင်လေး..''

" တပ်မှူး...''

အဲ့လူကိုဘယ်လောင်ထိငေးနေမိလဲမသိ ။ တပ်မှူးအသံကြားမှ ကိုယ့်ကိုယ်ကို သတိပြုမိသည်..။

" အင်း..သခင်ရှောင်းကသိပ်ခေါင်းမာပဲ၊ ဒီလောက်အေးတဲ့ ရာသီဥတုထဲ မလှုပ်မယှက် ရပ်နေတာပဲကြည့်တော့ ''

ရိပေါ် မပီမပြင်ပြုံးလိုက်မိပါသည်..။
ထို့နောက် တစ်ခုခုကို သတိရစွာ မျက်ဝန်းတွေကရုတ်တရက် ရွှန်းလဲ့လာလေ၏...။

ရိပေါ် ဝတ်ထားတဲ့ လက်အိတ်တွေကိုချွတ်လိုက်ကာ

" တပ်မှူး ဦးရီးတော်ကို ဒါလေးသွားပေးပေးပါလား ကျတော်ပေးတယ်လို့မပြောနဲ့လေနော် ဒီအတိုင်း ဒီအတိုင်းပဲ... ''

Toxic Love Donde viven las historias. Descúbrelo ahora