⚛ _ 10

1.2K 96 10
                                    

Happiness

အချိန်တွေဟာ ပျံသန်းပြေးလွှားနေသလိုပဲ အလျှင်အမြန်ကုန်ဆုံးပြီးမကြာခင် နန်းတွင်းပုထိုးတော်ကြီးဆီမှ ကြေးခေါင်းလောင်းသံချိုချိုကို ကြားလိုက်ရသည် ။ အရှေ့အရပ်က နီပြေပြေအရောင်တောင်မလာသေးခင် ကြယ်မဝင့်တဝင့်အချိန်မှာပဲ လျှိုးရန်ပင်းဟာ ဝတ်ရုံတော်ကိုသပ်ရပ်အောင် ပြုပြင်ပြီးမိဖုရားအဆောင်တော်မှ ထွက်ခွာသွားသည်။

နှုတ်ဆက်စကားတောင်မဆိုပဲ မှိန်းပျောက်သွားတဲ့ ကြယ်ဖြူလို ဖျက်ခနဲပျောက်သွားတဲ့ အရှင့်ရဲ့နောက်မှာ မိဖုရားဟန်လင်းရွှယ်ရဲ့အခန်းတံခါးလေးသာ အသံမမြည်ပဲ အသာစေ့ပိတ်သွားသတဲ့..။

အတူရှိခဲ့သည့် တစ်ညလုံးလည်း အရှင်ဟာ စကားတစ်ခွန်းတောင်မဆိုခဲ့ဘူး ။ ဟန်လင်းရွှယ်သာ သူစီးကုံးထားခဲ့တဲ့ အရှင့်ရဲ့ခန့်ညားမှုတွေ ၊ အရှင့်ကို ဘယ်လာက်ထိ စွဲလမ်းခဲ့ရပုံတွေကို တစ်ညလုံး တစ်တွတ်တွတ်ပြောနေခဲ့ရပေမယ့် အရှင်က သူ့ရင်ခွင်ထဲ မှီတွဲထားတဲ့သူမကို ​ပွေ့ဖက်ထားရင်းပင် အသံတိတ်တုန့်ပြန်သည်ပဲရှိလေသည်။

ဟန်လင်းရွှယ်မှာ အိပ်ယာထက်လှဲပြီး ကြည့်နေတုန်းမှာပဲ ငြင်ငြင်သာသာ အသံတစ်ချက်မမြည်စေ့သွားခဲ့သည့်တံခါးကိုစိုက်ကြည့်ရင်း ညကအဖြစ်အပျက်တွေဟာတကယ်ပဲလား ၊ ဒါမှမဟုတ် သူစိတ်စွဲပြီး အိမ်မက်ရှည်ကြီးပဲမက်နေသလားဆိုတာ စဥ်းစားလို့ကိုမရဘူး ။ တကယ်ဖြစ်ခဲ့တာပါဆိုရအောင်လည်း အရှင့်ရဲ့ အာရုံဖျော့ဖျောအောက်က လှုပ်ရှားဟန်တွေ ၊တံခါးကနေအရှင်ထွက်သွားပုံတို့က အိမ်မက်ဆန်စွာ တိုးတိတ်လှသည်။ အိမ်မက်ဆိုရအောင်လည်း အရှင့်၏ ထုံဝေသော ရနံ့တို့ဟာလည်းအဆောင်တော်တွင်း ဝေ့ဝဲပျံ့နှံ့နေဆဲပဲဖြစ်သည်။

အိပ်ယာပေါ်စွန်းထင်းနေသည့် အဖြူရောင်အကြည်ရည်တို့ဟာလည်း ညကအဖြစ်အပျက်ဟာ တကယ်ပါဟု သက်သေထူနေပြန်သည်။

ဟုတ်ပါသည် ဒါဟာ တကယ်ဖြစ်ခဲ့တာပါပဲ..။

သေချာကြောင်း သိသည့်အခါ၌ ဟန်လင်းရွှယ် အိပ်ယာကနေ ဆက်ခနဲပင် ထထိုင်လိုက်မိသည်။

Toxic Love Donde viven las historias. Descúbrelo ahora