⚛ _ 11

542 42 11
                                    

ဆိတ်ငြိမ်လှသောညီလာခံ ခမ်းမ..

တည်ကြည်ရင့်ကျက်လှသော ဧကရာဇ် လျှိုးရန်ပင်းရဲ့ မျက်နှာတော်ဟာ ထိုနေ့များမှာတော့  လွန်စွာခက်ထန်နေလေသည်။

မလှမ်းမကမ်းအစီအရီရပ်နေသော အမတ်များကို မျက်ထောင့်နီကြီးဖြင့်ကြည့်လိုက်သည်။

လတ်တ​တ်တလော၌ နန်းမြို့တော်တစ်ခွင်တွင်ပြည်သူပြည်သားတို့အား သွေးထိုးလှုံ့ဆော်စေသည့် စာစောင်များကို သူပုန်သားတို့ ဖြန့်ကျဲဝေငှလေသည်။ ထိုသူပုန်သားကိုတောင် ဒီအသုံးမကျတဲ့ အမတ်တွေက ဖမ်းဆီးခြင်းမပြုနိုင်လေသတဲ့။

'' မောင်မင်းတို့စောက်သုံးမကျလိုက်လေခြင်း..ဒီလိုအရည်အချင်းမရှိပုံမျိုးနဲ့ ငါကိုယ်တော့်ထံပါး ဘလိုယုံကြည်ချက်နဲ့များ အမှုထမ်းနေနိုင်တာလဲ..?''

'' ကျွန်တော်မျိုးတို့သေသင့်ပါတယ် အရှင်..''

တောက်တစ်ခေါက်ခေါက်ဖြင့် အမြတ်ကြီးနေသော အရှင့်အား အမတ်တို့မှာလဲ ဒူးထောက်တောင်းပန်ရုံသာတတ်နိူင်လေသည်။ မထင်ရင်မထင်သလို အသက်ဆုံးသွားနိုင်တာကြောင့် အနည်းငယ်တောင်အထွန့်တတ်ရန်မတတ်နိုင်ပါပေ။ အရှင့်လက်ထက် ဆိတ်ငြိမ်ပြီး ထကြွခြင်းမရှိတဲ့ ဝမ်တိုင်းပြည်သူ ပြည်သားတွေက ယခုဘလိုသူပုန်သားရဲ့ သွေးဆောင်ဖြားယောင်မှုကြောင့် အရှင့်အားဆန့်ကျင်ရန်ရဲတင်းနေကြလေသနည်း..? ယခုဆို နန်းမြို့တော်တခွင် အိမ်ရှေ့စံတင်မြောက်ပွဲလည်း နီးကပ်နေသည်အခါမှ..ဒီလိုကိစ္စတွေပေါ်လာသည်မှာ သွေးရိုးသားရိုးတော့မဟုတ်တန်ရာ..

'' ငါကိုယ်တော်...ဒီသူပုန်ကို အရှင်လိုချင်တယ် ငါကိုယ်တော့်ရဲ့ ဓားသွားနဲ့သာ ငမိုက်သားကိုဖြေရှင်းလိုတယ်...မောင်မင်းတို့ တာဝန်က ဒီငမိုက်သားကို အမိဖမ်းပေးဖို့ပဲ ''

'' အမိန့်တော်မျက်အတိုင်းပါ အရှင်...''

'' ဟမ်..ပြောလိုက်ရင်တော့ မောင်မင်းတို့က ငှက်ပျောသီးခွာစားတာမှခက်ပေလေဦးမယ် ''

''.........''

အရှင်ကတော့ စိတ်ကြီးပါပဲ..။
ထို့နောက်တစ်ချက်မကျေနပ်စွာ ကြည့်သွားပြီး ဝတ်ရုံခါကာ အရှင်က ထွက်ခွာသွားသည်။

Toxic Love Where stories live. Discover now