I have loved you in the past.
" ရန်ပင်းကော ဒီနေ့ အဖေက နန်းတော်ထဲသွားတယ် ဟီး အဖေမရှိတုန်း ကျွန်တော်တို့အပြင်သွားကြမလား...နော် ''
ဓားရေးကျင့်ပြီး ခဏနားချိန် ဘေးနားတပူတဆာလုပ်နေသောကောင်လေးကြောင့် သူမောနေသည့်ကြား ပြုံးလိုက်ရသေးသည် ။ အမတ်ချုပ်ကြီး နန်းတော်ထဲသို့ ညီလာခံသွားတာကြောင့် ထိုကောင်လေးမှာ လွတ်လပ်နေသည့်ပုံပင် ။ ၃ နှစ်ငယ်သော ထိုကောင်လေးက မိမိအပေါ်အတော်အနိုင်ယူဆိုးချင်ပါသည် ။ ယခုလည်း သူ့အားစကားမပြန်တာကြောင့် နီစိုစိုနှုတ်ခမ်းအစုံမှာ တစ်ဖြည်းဖြည်းစူထွက်လာလေ၏ ။ ခပ်စူစူနှုတ်ခမ်းအောက် မြင့်တက်လာသော မှဲ့နက်လေးကိုသဘောတကျကြည့်ကာ ရန်ပင်းမသိမသာအံကြိတ်ထားလိုက်ရသည် ။
ထိုကောင်လေးရဲ့ အမူအရာအမျိုးမျိုးက မိမိအား နေထိုင်မသိဖြစ်စေသော်လည်း ညီအကိုစည်းမျဉ်းများအောက် မရိုးသားစိတ်များအားချုပ်တည်းထားရသည် ။
ထိုကောင်လေးအဖေ အမတ်ချုပ်ကြီးရှောင်း နှင့် မိမိအမေဖြစ်သူ ရှောင်းရန်မေ့ တို့မှာ မောင်နှမများဖြစ်ရာ မိမိနဲ့ထိုကောင်လေးမှာလည်း ညီအကိုတစ်ဝမ်းကွဲတော်စပ်သည် ။
လျှိုးမျိုးနွယ်စုခေါင်းဆောင်နှင့် လက်ထပ်ခဲ့ရာမှ မိမိကိုမွေးဖွားခဲ့ရာ လျှိုးရန်ပင်း ဟုပင်ခေါ်တွင်စေခဲ့သည် ။ ဝမ်ဘုရင်နှင့် လျှိုမျိုးနွယ်စုများ ချစ်ကြည်ရေးလမ်းစဉ်၌ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေပြေရှိခဲ့သည် ။
မိမိအသက် ၇ နှစ်အရွယ်၍ ဝမ်တိုင်းပြည်သို့ချစ်ကြည်ရေးခရီးစဉ်၌ပါဝင်ခဲ့ရာ ၄ နှစ်အရွယ် ချစ်စရာ ဖြူလုံးလုံးကလေးငယ်နှင့်တွေ့ဆုံခဲ့သည် ။ ညီအကိုအရင်းသဖွယ် ဖြူစင်စွာ ချစ်မြတ်နိုးသည်ဟု မိမိယုံကြည်ခဲ့မိသော်လည်း မျိုးနွယ်စုများထံပြန်ချိန် နေ့နေ့ညည ထိုကောင်လေးကိုလွမ်းသည့်စိတ်နှင့် အိပ်ပျက်ခဲ့ရသည့်ညပေါင်းများစွာဟာ အနှောင့်အယှက်ပင် ။
မျက်လုံးစုံမှိတ်လိုက်တိုင်း လိုချင်တာရှိ မိမိလက်မောင်းအား လှုပ်ခါပူဆာတတ်သည့် ခပ်ထော်ထော်နှုတ်ခမ်းလေးနဲ့အတူ စွဲငြို့အားပြင်းသည့် မှဲ့လေးနဲ့ ထိုကောင်လေးအား ကမ္ဘာပျက်မတတ်ပင်လွမ်းလှပါသည် ။ မရိုးသားသည့်ခံစားချက်အားဆန်းစစ်မိချိန် '' ညီအကိုတွေ '' ဟုအကြိမ်ကြိမ်သတိပေးမိသော်လည်း ချစ်ရာကောင်လေးဟာ မထင်မှတ်ပဲ မိမိစိတ်ဆန္ဒတို့ဖြေလျှော့ချိန် ညည်းညူသည့်နာမ်စားလေးကအစ အပိုင်သိမ်းသွားခဲ့သည်။
ŞİMDİ OKUDUĞUN
Toxic Love