Something in the past has been awful
_______________________________________အေးခဲစလရောင်တွေ ပြတင်းဘောင်ပေါ် တြိဂံလာဖြစ်တယ် ။
အတိတ်ရဲ့ပြတင်းကို ဖွင့်လိုက်ချိန် အတွေးအာရုံထဲမှာ နူးညံ့စိမ်းအိတဲ့ ပန်းပွင့်နေ့ကို ရိပေါ်အထင်းသားပြန်တွေ့တယ် ။ကောင်းကင်ပြင်က တစ်ဖြူးဖြူးပြန့်လွှင့်လာတဲ့ အဖြူရောင် နှင်းပွင့်ကလေးတွေ ကြားထဲ လေနှင်ရာ ယိမ်းနွဲ့နေတဲ့ ပန်းနုရောင် ဆာကူရာ ပွင့်ဖက်လေးတွေရှိတယ် ..၊ အဖြူရောင် ဝတ်စုံနဲ့လူဟာ ထို ပွင့်ဖက်တွေကြားထဲ ဝမ်ဧကရာဇ် နဲ့အတူ ရယ်မောပျော်ရွှင်နေတယ် ။ မျက်လုံးတွေမှိတ်သွားတဲ့အထိ ရယ်တဲ့အခါ ကြက်ခြေရာ မျက်ရစ်လေးတွေက နှလုံးသားတစ်စုံလုံး ညှပ်ပါစေဖို့လုံလောက်တယ် ။ ပွင့်ဖက်တွေနဲ့ ယှဉ်လှနေတဲ့ လူရဲ့အဓိကအားသာချက်က နှုတ်ခမ်းပါး အောက်က မှဲ့နက်လေးပဲ ဖြစ်၏..။
မှော်ဝင်ပန်ချီကား တစ်ချပ်လို လှပလွန်းတဲ့ ထိုမြင်ကွင်းကို ရိပေါ် အံ့သြမှင်သက်စွာ ကြည့်နေခဲ့သည် ။ ခမည်းတော်နဲ့အတူ ရယ်မော ပျော်ရွှင်နေသော ထိုလူအား ရီပေါ် ထိုနေ့ ပထမဆုံးမြင်ဖူးချင်ပင်..။ အမျိုးသား တစ်ယောက်ဖြစ်ပါလျှက် ထိုလူက ပြည်စုံလှပလွန်းသည် ။ အပြုံးတွေက မြင်ရသူအဖို့အား ကူးစက်စေနိုင်သည်..။ ဆာကူရာ ဥယျာဉ်ထဲ ခမည်းတော်အား ရှာရင်း ရိပေါ် ရောက်လာခြင်းဖြစ်၏ ။
" မင်းသားလေး ''
ဘယ်လောက်ကြာအောင် ငေးမောနေမှန်းမသိစွာ အနောက်က အထိန်းတော်ကြီး အသံကြားမှ ရိပေါ် သတိပြုမိ၏ ။ ခမည်းတော် နား တဖြည်းဖြည်း လျှောက်သွားကာ အသံပြုလိုက်သည်..။
" ခမည်းတော်.. ''
" ဟော..သားတော်လေး ၊ ဒီကိုလာ ''
ခမည်းတော် ဆီ ဦးတည်သွားသော် လဲ ရိပေါ့်မျက်လုံးတို့သည် ထိုလူဆီမှမခွာနိုင်ဖြစ်သည် ။ ရိပေါ့်အား နူးညံ့ စွာ ပြုံးပြနေတဲ့ ထိုလူရဲ့ အပြုံးချိုချိုထံပါး ရိပေါ် ထိုအချိန်မှစ၍ အလုံးစုံပြိုလဲခဲ့သည်မှာ အမှန်တရားဖြစ်၏ ။
KAMU SEDANG MEMBACA
Toxic Love