Confusion of heart
သာယာချမ်းမြေ့မှုအပေါင်း ပျက်သုန်းသွားပြီဖြစ်သည်။
ဖိန်းရီနန်းဆောင်တွင် ငိုရှိုက်သံများထွက်ပေါ်နေ၏ ။ တစ်ကြိမ်တစ်ခါ ယောင်လို့ပင်ဖြစ်စေ အရှင့်ရဲ့ဂရုစိုက်မှုကိုမရရှိခဲ့တဲ့ ဟွမ်ဟုတ်ဟာ ယခုလည်း တာဝန်အရတောင် အလေးပေးမခံရတော့ပေ ။( A.N - ဟွမ်ဟုတ် = မိဖုရားခေါင်ကြီး )
အရှင်နဲ့အတူ ဖြတ်သန်းရန်မျှော်လင့်ထားမိတဲ့ သူမမွေးနေ့ပွဲဟာ အရှင့်အရိပ်ကိုတောင် ရှုမြှော်ခွင့်မရှိပေ ။ သားတော်လေးရှေ့ ၊ အစေခံတွေအရှေ့ သူမအရှက်သိက္ခာတွေ လျှော့ရဲသွားခဲ့ပြီ ။
အချိန်တွေကုန်လွန်သည့်အထိ ဆက်စောင့်နေခဲ့သော်လည်း နန်းတွင်းသူတစ်ယောက်ဆီကကြားလိုက်ရတဲ့ သတင်းစကား၌ သူမ မချိတင်ကဲခံစားလိုက်ရသည် ။
အောင့်သက်သက်ခံစားလိုက်ရတဲ့ ရင်ဘတ်နားအင်္ကျီစကိုစုပ်ကိုင်ကာ '' အရှင်ရက်စက်လိုက်လေခြင်း '' ဟုဝမ်းပန်းတနည်းရေရွတ်ရုံသာတတ်နိုင်လိုက်၏ ။ အရှင့်အား သူမအပြစ်မမြင်သော်လည်း အမုန်းတရားအချို့ဖြတ်သန်းသွားတဲ့ သားတော် မုချန်ရဲ့ဒေါသမျက်ဝန်းများကို အမိအရတွေ့လိုက်ပါသည်။
" မင်းကြီးကို သွားမတွေ့တော့ဘူးလား မယ်မယ် ''
နန်းဆောင်ထဲ ဝင်လာတဲ့ ရှန်လျန်က ပုခုံးလေးတုန်ကာရှိုက်နေတဲ့ ဟန်လင်းရွှယ်ရဲ့ ကျောပြင်လေးကိုဖွဖွသပ်ကာ နူးနူးညံ့ညံ့မေးသည် ။ မိဖုရားရဲ့ အနီးကပ်စောင့်ရှောက်သူဖြစ်သည့်အပြင် ဖြတ်သန်းလာတဲ့တစ်လျှောက်လုံး မိဖုရားကသူမကို မိသားစုဝင်တစ်ယောက်လို နွေးထွေးစွာဆက်ဆံခဲ့သည် ။ တစ်ယောက် ဝမ်းနည်းချိန် တစ်ယောက် ဖေးမကာ အတူရှိပေးခဲ့သည်။
မိဖုရားယခုလို ခံစားနေရသည်အား မမြင်လိုသလို ဒီလိုဖြစ်တိုင်း မင်းကြီးကိုမုန်းတီးစိတ်ဝင်မိသည်။
သူမကိုမော့ကြည့်လာသော မယ်မယ်မျက်ဝန်းတွေက မျှော်လင့်ချက်မဲ့ကာ ပုလဲဥတွေလိမ့်ဆင်းနေသည် ။ အပြစ်ကင်းတဲ့မယ်မယ်မျက်နှာလှလှဟာ ဝမ်းနည်းမှုတွေထင်းလင်းနေပေမယ့် နာကျည်းချက်တစ်စွန်းတစ်စတောင်မတွေ့ရပါ ။
YOU ARE READING
Toxic Love