တစ်ဖန်ပြန်လည်နာကျင်လာသောလက်ကို ရှောင်းကျန့်ဂရုမစိုက်မိပဲ လျှိုးမုချန်၏စကားကို နှုတ်ခမ်းပါးလေးတွန့်ကွေးရုံသာ တုန့်ပြန်လိုက်သည်။
'' မင်းသား ဒီလိုကလေးစိတ်တောင်မကုန်သေးပဲ ထီးနန်းကို ဆက်လို့ဖြစ်ပါ့မလား ''
အထင်သေးမှုအပြည့်နဲ့မျက်ဝန်းတွေက မုချန်ကိုတည့်တည့်ကြည့်ရင်းဆိုတော့ မုချန်မှာအံကိုကြိတ်ရင်းမြင်းဇာတ်ကြိုးကိုတင်းတင်းဆွဲလိုက်မိသည်။အနီးနားရှိလှုပ်ရှားသွားလာနေကြသော အပျိုတော်များဟာလည်း မင်းသားနဲ့ နန်းရင်းဝန်အမတ်ဟောင်း ရှောင်းကျန့်၏အခြေအနေကို လှည့်ကြည့်လှည့်ကြည်ဖြင့်ပင် အကဲခတ်နေကြသည်။
ရှောင်းကျန့် ဝတ်ရုံကို ဖုန်ခါပြီး လဲနေရာမှထလိုက်၏။သွေးစွန်းနေသေယလက်ကိုလည်းမနာကျင်သလိုခါလိုက်သည်။မုချန်ကို ဘာမှမဖြစ်သလိုကြည့်နေတဲ့အကြည့်တွေက အသုံးမကျသူတစ်ယောက်အား ဂရုနသက်စွာကြည့်နေသလိုပင်။
ထီးနန်းနဲ့ပတ်သတ်ရင် မုချန်ဟာ အထိခိုက်မခံနိုင်ဆုံးပင်။ဒီထီးနန်းကို ဆက်ခံဖို့ရန်မုချန်မှာ များစွာမျှော်လင့်ထားသည်။ ခမည်းတော်အမြင်၌သာမက ဒီနန်းတော်တစ်ခွင်လုံး၌ ထီးနန်းဆက်ခံဖို့ရန် သင့်သော်သောသူမှာ မိမိမုချန်တစ်ယောက်သာ ဖြစ်သင့်သည်ဟု အတွေးဝင်စေသည်အထိ မုချန်ကြိုးစားခဲ့ရသည်။ယခုများမှာဖြင့် ထိုလူ့အကြည့်တွေအောက် မုချန်မှာ ယုံကြည်မှုများပျောက်ဆုံးလာရသည်။စိတ်ခံစားချက်များကို မထိန်းနိုင်သေးသည့် လူငယ်ပြီပြီ မုချန်မျက်နှာဟာ ဒေါသအရိပ်အယောင်များကြောင့်နီမြန်းလာခဲ့သည်။
'' ခဗျားမသက်ကို ခမည်းတော်က မယူသေးဘူးဆိုပြီး ကိုယ့်ကိုယ်ကိုဟုတ်လှချေရဲ့ထင်မနေနဲ့ရှောင်းကျန့် ခမည်းတော်ကသာ သဘောထားကြီးကြီးနဲ့ အသက်ရှင်ခွင့်ပေးထားပေမယ့်လည်း မင်းသားဖြစ်တဲ့ကျုပ်မုချန် ခင်ဗျားအသက်ကို အခုယူမယ်ဆိုရင်တောင် ကျုပ်ကိုဘယ်သူမှတားနိုင်မှာမဟုတ်ဘူး ''
''သဘောထားကြီးပေးလို့ မင်းသားကိုကျေးဇူးတင်ပါတယ် ''
'' တောက်...ခင်ဗျား..ဟမ့် ကျုပ်ဘုရင်ဖြစ်လာတဲ့နေ့ ခင်ဗျားကို ကျုပ်ရှေ့ ဒူးထောက်ပြီး ဦးညွှတ်စေရမယ် အဲ့တော့မှ ဒီလိုအကြည့်မျိုးနဲ့ ကြည့်နိုင်ဦးမလားဆိုတာ..''
VOUS LISEZ
Toxic Love