Park Jimin is Icy? ( Zawgyi )

230 17 0
                                    

Hobiကို ရပ်ပြီး ကြည့်နေတုန်း တစ်ခု သတိရမိလိုက်တာ...

" Hobi...
ကျွန်တော် ရုံးခန်းသွားရဦးမှာမလား အချက်အလက်တွေ သွားဖြည့်ရဦးမှာ.. "

" ဟုတ်သားပဲ.. Chim...  လာသွားမယ် ကိုယ်လိုက်ခဲ့မယ်လေ.. "

" ဟို... ကျွန်တော်နဲ့ တစ်ခါတည်း သွားမလား ကျွန်တော် လည်း Taeဆီ သွားမို့... "

ကြားဖြတ်ကာ ပြုံးပြီးပြောလာတဲ့ Jungkookဆို‌သော ကောင်လေးး
သူ့ကို သိပ် သဘောမကျ .... အခုမှ စတွေ့တဲ့ဟာကို... သိပ်ကို socialကျလွန်းနေတာ... ကျွန်တော် စိတ်ထင်တာပဲလား

" ဟုတ်လား Jungkookနဲ့ တူတူသွားလိုက်မလား Chim.. ခင်လည်း ခင်သွားအောင်.. "

ပြုံးကာ ပြောလာသော Hobi...
တကယ်တော့ ကျွန်တော် ဘယ်သူနဲ့မှ ခင်ဖို့မလိုဘူးလို့ ထင်တယ်...

" ခဏနေရင် ကျောင်းတက်တော့မယ်Chim.. ကိုယ် ဒီကနေ စောင့်နေမယ်နော်.. "

ကျွန်တော် ခေါင်းတစ်ချက်ညိမ့်ပြလိုက်တော့...

" သွားရအောင် Jimin.. "

ပြုံးကာ ပြောလာသော ထိုကောင်လေးး ashii စိတ်ရှုပ်လိုက်တာ...

သွားတဲ့ လမ်းတစ်လျှောက်လည်း မေးလာလိုက်တဲ့ မေးခွန်းတွေ ... ရေတွက်လို့ မရ..

" Jiminက Canadaမှာ ငယ်ငယ်လေး ကတည်းက နေလာတာလား "

ကျွန်တော် တစ်ချက်သာ ခေါင်းညိမ့်ပြလိုက်မိသည်..

" Woah.. မိုက်တယ်.. Hobi hyungနဲ့ ဘယ်လို စတွေ့လာလဲဟင်.. ပြီးတော့ ဘယ်လို ရည်းစားဖြစ်သွားတာလဲ.. Hobi hyungက စပြီး ဖွင့်ပြောတာလား  Jiminက စပြီး ဖွင့်ပြောတာလား "

လှမ်းနေသော ခြေလှမ်းတွေကို ရပ်တန့်လိုက်တော့ ဘေးက လိုက်နေသော ထိုကောင်လေးရဲ့ခြေလှမ်းတွေလည်း ရပ်တန့်သွားသည်...

သူ့ဘက်ကို လှည့်ရပ်လိုက်တော့ ကြောင်တောင်တောင်ဖြစ်နေတဲ့ သူ့မျက်ဝန်းတွေ... မျက်ဝန်းတွေဟာ ဝိုင်းစက်ပြီး လင်းလက်နေတာကိုတော့ ကျွန်တော် မငြင်းလိုဘူး

" ဒီမှာ.. အခုမှ စတွေ့တဲ့လူကို မေးတဲ့ မေးခွန်းတွေက သိပ် မများလွန်းဘူးလား အေးအေးဆေးဆေးသွားရအောင် ရုံးခန်းကို... "

ParaNoiD ( Edited Version )Tempat cerita menjadi hidup. Temukan sekarang