" Hyung~~ ဘာစားမလဲ "
" ............ "
" Hyung? "
ပခုံးကို တစ်ချက်လှမ်းပုတ်ပြီး ခေါ်လိုက်မှ အတွေးကမ္ဘာထဲကနေ ပြန်အသိဝင်လာသော Jimin....
မနေ့ညက အိပ်မက်ကြီးကိုပဲ ပြန်ပြန်တွေးမိနေတာ ဘာမှမဟုတ်တဲ့ဟာကို
Jungkookက ပခုံးကို လာပုတ်မှ အတွေးစပြတ်သွားပြီး" ဟမ်? "
" Hyungဘာစားမလဲလို့ ကျွန်တော် တစ်ခါတည်း မှာခဲ့မလို့.. "
" တော်ပြီ.. ငါ ဗိုက်မဆာဘူး "
" ဟမ် ခုနကကျတော့ ဗိုက်ဆာနေတယ်ဆို တစ်ခုခုတော့ စားပါ ... ဘာမှမစားရင် Hobi hyungစိုးရိမ်နေလိမ့်မယ် "
နူးညံ့စွာ ပြောလာတဲ့ ထို ကောင်လေးကို မော့ကြည့်လိုက်မိတော့...
သိပ်ကို ဖြူစင်လွန်းတဲ့ ထိုကောင်လေးရဲ့ မျက်ဝန်းတွေ
ပါးလွှာနေတဲ့ နှုတ်ခမ်းလေးတစ်စုံ
ကြည်လင်လှတဲ့ အသားအရည်" အင်း မင်းစားတာသာ ယူခဲ့.. "
ခပ်ပြတ်ပြတ်ပြောပြီး ရှေ့ကို ပြန်လှည့်ထိုင်လိုက်သည်...
Jungkookကလည်း ခပ်လှမ်းလှမ်းက convenience store ထဲ ပြေးဝင်သွားသည်
/ဘာလဲဟ.. ၂ယောက်လုံးက ရည်းစားကြီးနဲ့ မဟုတ်ဘူးလား
ဘာလဲ ကွယ်ရာမှာ ခိုးချိန်းနေတာလား
မဟုတ်လောက်ပါဘူးဟာ သူငယ်ချင်းနေမှာပါ
Park Jiminက သူငယ်ချင်း မလိုဘူးဆိုပြီး ကြေညာထားတာလေ သူငယ်ချင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ /
တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေကြသည့် အသံများကို မခံနိုင်တော့တာကြောင့် ခုနက ထိုကောင်လေး ပြေးဝင်သွားသော convenience store ထဲကိုသာ ခြေဦးလှည့်သည်...
" ကြိုဆိုပါတယ်ရှင့် "
ဝင်ဝင်ချင်း ကောင်တာ မှ နှုတ်ဆက်လိုက်တဲ့ အချိန်ပိုင်း အလုပ်သမား ကောင်မလေးဆီကို အာရုံမရောက်ဘဲ တစ်စုံတစ်ယောက်ကို ရှာနေမိသည်...
တစ်နေရာရောက်တော့ စင်ပေါ်က မုန့်ထုပ်တွေကို စိုက်ကြည့်နေသော ကောင်လေး....
" ဘာလုပ်နေတာလဲ "
အမြဲအေးစက်တဲ့လေသံပိုင်ရှင် Jiminရဲ့ အသံကြားတော့ Jungkookပင် တုန်သွားသည်
YOU ARE READING
ParaNoiD ( Edited Version )
FanfictionEdited version with both Unicode and Zawgyi You can freely enjoy this book JeonJungkook / Park Jimin / JungHoseok / Kim Taehyung / #6 at paranoid #3 at paranoid