ညနေ အတန်း စခါနီး 10မိနစ်လောက် အလိုကတည်းက အတန်းထဲ ရောက်နေသည်..
ဘာမှလည်း လုပ်စရာ မရှိတော့ စောစောဝင်ထိုင်နေလိုက်တာ...
နောက်လှည့်လိုက်တော့ ပြုံးပြနေသော Hobiက" ဘာလဲ Chim... "
ဘာမှ ပြန်မဖြေဘဲ နှုတ်ခမ်းပဲဆူထားမိတော့ ကျွန်တော့်နှုတ်ခမ်းကို တစ်ချက် လာနမ်းသော Hoseok ...
" ဘာတွေ အလိုမကျနေတာလဲChim.. "
ရယ်မောကာ မေးလာသော Hoseok
" လာနောက်နေတာလား Jung Hoseok "
နာမည်အပြည့်စုံ ခေါ်ပြီး အသံခပ်မာမာနဲ့ မေးလိုက်တော့.. မိမိကို တအံ့တဩလာကြည့်သည်...
" ဒီလို 4နှစ်ပြည့်anniကို ဒီလို ကျောင်းမှာ စာသင်ပြီး ကုန်ဆုံးရမှာလားလို့!! "
ကျွန်တော် ထိုသို့ မလိုမကျစွာ ပြောလိုက်တော့ ကျွန်တော့် မျက်နှာတစ်ဖက်တစ်ချက်ကို သူ့လက်တစ်စုံဖြင့် ကိုင်တွယ်ပြီး
" ဒီနေ့က Chimရဲ့ ပထမဆုံးကျောင်းတက်ရက်လေ.. ကျောင်းပျက်လို့ ဘယ်ဖြစ်မလဲ 4နှစ်ပြည့်anniကို ကြီးကြီးကျယ်ကျယ် လုပ်နေစရာ မလိုပါဘူး မဟုတ်လည်း တစ်နေကုန် ကိုယ်တို့ အတူတူ ရှိနေတာပဲမလား "
" ဒါပေမယ့်လည်း... "
ပြောနေရင်း ရပ်တန့်လိုက်တဲ့စကားကို ဆက်လက်စောင့်နေသော ချစ်သူ
" အာ... မသိတော့ဘူးကွာ...!! "
ထို ချစ်သူရဲ့ အောက်နှုတ်ခမ်းလေးကို မက်မက်မောမော စုပ်နမ်းလိုက်တော့ မိမိ ရင်ဘတ်ကို သူက ခပ်ဖွဖွ တွန်းသည်..
" လူ...တွေ နဲ့.... Chim "
" ဘာ ဂရုစိုက်စရာလိုလဲ.. "
" ချစ်တယ် ... Happy 4 yrs anni, babe.. "
" ကိုယ်လည်း အရမ်းချစ်တယ် Jimin "
ထိုစဉ် ဖုန်းမြည်သံကြားသဖြင့် Hobiရဲ့ ဖုန်းကို ကြည့်လိုက်တော့ contact nameက Kim Taeတဲ့ ဟို အတန်းခေါင်းဆောင်ကောင်ပဲ
( Tae.. ပြော...
အခုလား အတန်းချိန်ရှိတယ်လေ...
Aww... အင်းပါ.. ဆရာ့ကို ပြောပြီးပြီလား
အဲဒါဆို အခုလာခဲ့မယ်.. Okay...)
YOU ARE READING
ParaNoiD ( Edited Version )
FanfictionEdited version with both Unicode and Zawgyi You can freely enjoy this book JeonJungkook / Park Jimin / JungHoseok / Kim Taehyung / #6 at paranoid #3 at paranoid