Transferred Student (Zawgyi)

570 39 4
                                    

" Honeyရေ "

ချစ်ရသောသူရဲ့ ခေါ်သံကြောင့် ခေါင်းမူးနေပေမယ့်လည်း အားတင်းပြီး ချစ်သူရဲ့ဘက်သို့ လှည့်ကြည့်လိုက်တယ်...
အမြဲတမ်း လန်းဆန်းပြီး သွတ်လတ်နေတဲ့ အတန်းရဲ့ မော်နီတာလေး

" ဘာဖြစ်နေတာလဲ ..
မနက် ကျောင်းရောက်ကတည်းက honey မျက်နှာမကောင်းဘူး "

အချိန်တိုင်း မျက်နှာအရိပ်အခြေကို လိုက်ကြည့်ပြီး စိုးရိမ်ပေးတတ်တာ
သူ့ ရင်ခွင်ထဲဝင်ပြီး မျက်လုံးကိုစုံမှိတ်ထားရင်း

" ဘာဖြစ်တာလဲလို့... Jungkookah...နေမကောင်းဘူးလား ဟုတ်လား"

သူ့ ရင်ခွင်ထဲနေရင်း မော့ကြည့်လိုက်တော့ စိုးရိမ်နေတဲ့ သူ့မျက်ဝန်းတွေ

ပြန်ဖြေပေးဖို့ စောင့်နေတာကြောင့်

" hyungရာ.. အရမ်းစိုးရိမ်တတ်တာပဲ...
ဒီတိုင်း ခေါင်းမူးနေလို့ "

" ခေါင်းမူးနေတာလား? ကိုယ် ကျောင်းဆေးခန်း လိုက်ပို့ပေးမယ် လာ "

လက်ကို ဆုပ်ကိုင်ကာ သွားဖို့ပြင်နေတဲ့ ကိုယ့်ကောင်လေး

" အဲလောက်ထိ မလိုပါဘူး နေ့လယ်လောက်ဆို သက်သာသွားမှာ "

" မရပါဘူး အခုလိုက်ပို့ပေးမှာ ကျောင်းတက်ဖို့ ဆယ့်ငါးမိနစ်တောင် လိုသေးတယ် မမှီလည်း ကိုယ် ခွင့်တောင်းပေးမယ် ဆရာ့ကို "

ခေါင်းမူးနေတာကြောင့် ကြမ်းပြင်ကိုသာ အာရုံစိုက်ကာချစ်သူရဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျောင်းဆေးခန်းသို့

" Kim Taehyung!!! "

အနောက်က ခေါ်သံကြားသဖြင့် ကျွန်တော်တို့ နှစ်ယောက်လုံး ခြေလှမ်းများရပ်ကာ ထိုအသံပိုင်ရှင်ကို လှည့်ကြည့်လိုက်ကြသည်

" Hobi ah... ဘာလဲ?? "

အမောတကော ပြေးလာတဲ့ Hoseok

" မနက်ဖြန် ကျောင်းသားအသစ် ပြောင်းလာမှာလေ.. မင်းကို အဲကိစ္စအတွက် ဆရာက ခေါ်ခိုင်းလိုက်လို့်.. "

အတန်းရဲ့ မော်နီတာဖြစ်တဲ့ Taeက ဘယ်တော့မဆို အလုပ်ရှုပ်တယ်.. စိတ်ဓာတ်လည်း ကောင်းသူမို့လို့ ဘယ်ဆရာက ခိုင်းခိုင်း မညည်းမညူလုပ်ပေးတယ်... အခုလည်း ကျောင်းသားအသစ် ပြောင်းလာတဲ့ ကိစ္စက အစ hyungကိုပဲ လုပ်ခိုင်းနေကြတယ်.. သိပ်ပြီးသဘောမကျဘူး

ParaNoiD ( Edited Version )Where stories live. Discover now