" Jimin~ "
" Park Jimin~~ "
" Jiminie Hyung ~~ "
" Hyung~~ "
ညဥ့်နက်တဲ့ ညအချိန်ကြီးမှာ ခေါ်သံတစ်ခုကြောင့် နိုးထလာခဲ့သည်...
ခုနက ကြားလိုက်တဲ့ အသံကို ထပ်နားစွင့်လိုက်တော့" Jiminie hyung~~ "
မိမိနာမည်ကို ခေါ်နေတဲ့အသံကြောင့် မှောင်မိုက်နေတဲ့ အခန်းကို အနည်းငယ်လင်းသွားအောင် အိပ်ရာပေါ် ထထိုင်လိုက်ကာ ဘေးစားပွဲပေါ်မှ မီးအိမ်ကို ဖွင့်လိုက်သည်
" ဘ- ဘယ်သူလဲ? "
ည အချိန်မတော်ကြီး အိမ်ထဲ လူစိမ်းတစ်ယောက်ရောက်နေတယ်ဆိုတဲ့ အသိက ကြက်သီးတွေ ဖြန်းကနဲ ထသွားစေသည်
ဒီcondoက လုံခြုံမှု အပြည့်ရှိသည်ဆိုတဲ့အတွက်ကြောင့် ဝယ်ခဲ့ခြင်းသာ..ခုနက အသံကြားတဲ့ဘက်ကို လှည့်ကြည့်လိုက်တော့ အခန်းတံခါးကိုဖွင့်ကာ ရပ်နေတဲ့
" Jungkook? "
" Jimin hyung~ "
ညင်သာစွာ ခပ်တိုးတိုး ခေါ်လာသော အသံ...
" Jungkook မင်း ဒီကို ဘာလာလုပ်တာလဲ "
" ဘာလဲ ကိုယ့်ချစ်သူဆီကိုယ်လာတာ မရဘူးလား "
ဟမ် သူ ဘာတွေပြောနေတာလဲ
" ဘာကြီး? ချစ်သူ? "
" အင်းလေ ချစ်သူမဟုတ်လို့ ဘာဖြစ်ရမှာလဲ မျက်နှာလည်းမကောင်းပါလား ကိုယ့်ကလေး နေမကောင်းဘူးလား "
ပြောရင်းနဲ့ နဖူးပေါ်ကျရောက်လာတော့မယ့် သူ့လက်ကို နဖူးပေါ် မရောက်ခင် လှမ်းကိုင်ကာ တားလိုက်သည်
" ဘာလုပ်တာလဲ Jungkook... ပြီးတော့ ငါက hyungနော် ဘာ ကလေးလဲ ကိုယ့်အကြီးကို "
" ဟုတ်ပါပြီ Jimin hyung ဟုတ်ပြီလား အိပ်ကြစို့ နောက်ကျနေပြီ "
" ဟမ် ငါနဲ့ အတူတူအိပ်မလို့လား! "
မိမိမေးခွန်းကြောင့် တစ်ဖက်က ကောင်လေးက မျက်နှာပျက်သွားသည်
YOU ARE READING
ParaNoiD ( Edited Version )
FanfictionEdited version with both Unicode and Zawgyi You can freely enjoy this book JeonJungkook / Park Jimin / JungHoseok / Kim Taehyung / #6 at paranoid #3 at paranoid