Wanna come with me? ( Unicode )

918 80 11
                                    

" Hyung~~ ဘာစားမလဲ "

" ............ "

" Hyung? "

ပခုံးကို တစ်ချက်လှမ်းပုတ်ပြီး ခေါ်လိုက်မှ အတွေးကမ္ဘာထဲကနေ ပြန်အသိဝင်လာသော Jimin....
မနေ့ညက အိပ်မက်ကြီးကိုပဲ ပြန်ပြန်တွေးမိနေတာ ဘာမှမဟုတ်တဲ့ဟာကို
Jungkookက ပခုံးကို လာပုတ်မှ အတွေးစပြတ်သွားပြီး

" ဟမ်? "

" Hyungဘာစားမလဲလို့ ကျွန်တော် တစ်ခါတည်း မှာခဲ့မလို့.. "

" တော်ပြီ.. ငါ ဗိုက်မဆာဘူး "

" ဟမ် ခုနကကျတော့ ဗိုက်ဆာနေတယ်ဆို တစ်ခုခုတော့ စားပါ ... ဘာမှမစားရင် Hobi hyungစိုးရိမ်နေလိမ့်မယ် "

နူးညံ့စွာ ပြောလာတဲ့ ထို ကောင်လေးကို မော့ကြည့်လိုက်မိတော့...
သိပ်ကို ဖြူစင်လွန်းတဲ့ ထိုကောင်လေးရဲ့ မျက်ဝန်းတွေ
ပါးလွှာနေတဲ့ နှုတ်ခမ်းလေးတစ်စုံ
ကြည်လင်လှတဲ့ အသားအရည်

" အင်း မင်းစားတာသာ ယူခဲ့.. "

ခပ်ပြတ်ပြတ်ပြောပြီး ရှေ့ကို ပြန်လှည့်ထိုင်လိုက်သည်...

Jungkookကလည်း ခပ်လှမ်းလှမ်းက convenience store ထဲ ပြေးဝင်သွားသည်

/ဘာလဲဟ.. ၂ယောက်လုံးက ရည်းစားကြီးနဲ့ မဟုတ်ဘူးလား

ဘာလဲ ကွယ်ရာမှာ ခိုးချိန်းနေတာလား

မဟုတ်လောက်ပါဘူးဟာ သူငယ်ချင်းနေမှာပါ

Park Jiminက သူငယ်ချင်း မလိုဘူးဆိုပြီး ကြေညာထားတာလေ သူငယ်ချင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ /

တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေကြသည့် အသံများကို မခံနိုင်တော့တာကြောင့် ခုနက ထိုကောင်လေး ပြေးဝင်သွားသော convenience store ထဲကိုသာ ခြေဦးလှည့်သည်...

" ကြိုဆိုပါတယ်ရှင့် "

ဝင်ဝင်ချင်း ကောင်တာ မှ နှုတ်ဆက်လိုက်တဲ့ အချိန်ပိုင်း အလုပ်သမား ကောင်မလေးဆီကို အာရုံမရောက်ဘဲ တစ်စုံတစ်ယောက်ကို ရှာနေမိသည်...

တစ်နေရာရောက်တော့ စင်ပေါ်က မုန့်ထုပ်တွေကို စိုက်ကြည့်နေသော ကောင်လေး....

" ဘာလုပ်နေတာလဲ "

အမြဲအေးစက်တဲ့လေသံပိုင်ရှင် Jiminရဲ့ အသံကြားတော့ Jungkookပင် တုန်သွားသည်

ParaNoiD ( Edited Version )Where stories live. Discover now