Be Friends!? ( Unicode )

426 63 0
                                    

နှစ်ပတ်ကြာသော်......

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျောင်းနဲ့ နီးတဲ့ condo ကို Jimin ဝယ်လိုက်သည်
Hoseokရဲ့အိမ်က ကျောင်းနဲ့ ဝေးတာမို့
ဒီကျောင်းတက်တဲ့ တစ်နှစ်အတွင်း ဒီcondoမှာ Hoseokကိုပါ တူတူလာနေခိုင်းထားသည်
အိမ်ပြောင်းဖို့ ပစ္စည်းတွေ ထုတ်ရမှာရယ် ကျောင်းစာတွေရယ် ဆိုတော့ Hoseokက နောက်လလောက်မှ ပြောင်းလာမည်ဖြစ်သည်

ကျောင်းသွားဖို့ဆို မနက်တိုင်း Hoseokက Jiminကို ဝင်ခေါ်သည်
မနက်တိုင်း ပြုံးပျော်နေတဲ့ ကောင်လေးရဲ့ မျက်နှာကို မြင်နေရတာ Jiminဘယ်လောက်တောင် စိတ်ချမ်းသာနေမလဲ
ဒီလို ချစ်သူမျိုး ရထားတာ သိပ်ကို ကံကောင်းတယ်လို့ Jiminကိုယ်တိုင်လည်း တွေးမိသည်

..................................

ဒီနေ့လည်း ထုံးစံအတိုင်း Hoseokက ကားနဲ့လာခေါ်သည်...

တစ်ခုတော့ ရှိသည်
Hobiနဲ့ ကျောင်းတူတူလာတိုင်း...
ပတ်ဝန်းကျင်ရှိ မျက်ဝန်းတိုင်းက Jiminဆီတွင်..

တစ်ခါကလည်း အခြား အတန်းက မိန်းကလေးတစ်ယောက်...

' Jimin oppa... JungHoseokနဲ့ ဖျက်ပြီးတော့ Mina နဲ့ တွဲမလားဟင်.. Minaက အခုမှ virginပဲရှိသေးတယ်.. oppa ဆန္ဒရှိတဲ့အချိန်တိုင်း Mina ဖြည့်ဆည်းပေးမယ် oppa... '

ဒီလိုမျိုးတွေဟာ မထူးဆန်းတော့ပေမယ့်.. ဘာတဲ့
Jung Hoseok နဲ့ ဖျက်ဖို့ လာပြောရဲတယ်?

ဒီစကားကို နောက်ကွယ်မှာ ကြားနေကျဆိုပေမယ့်
အခုလို လူကိုယ်တိုင်ကို လာပြောရဲတဲ့ သတ္တိကတော့..

" မင်းကိုယ်မင်း ငါနဲ့တန်တယ်လို့ တွေးမိတယ်လား Jung Hoseokနဲ့ ဖျက်ရဦးမယ်ဟုတ်လား ကိုယ့်အဆင့်ကိုယ်သိ မင်းက မိန်းကလေး ဖြစ်နေလို့ ငါ ဒီလောက် သည်းခံထားတယ်မှတ်ပါ Jung Hoseokရဲ့ အဆင့်ကိုမှီအောင် မွေးမလာခဲ့တာကိုတော့ မင်းမိဘကိုမင်း အပြစ်တင်လိုက် "

ခနဲ့စွာ ပြောလိုက်တဲ့ မျက်နှာ အနေအထားကြောင့်
ထိုမိန်းကလေး အသက်မဲ့စွာ...

" အဲဒါကြောင့် ခပ်ဝေးဝေးသာ လစ်တော့ "

........

အဲလောက် ပြန်ပြောနိုင်မှ တော်ရာကျမယ်...
မဟုတ်ရင် ကိုယ်တောင် အrapeခံရကိန်း

ParaNoiD ( Edited Version )Où les histoires vivent. Découvrez maintenant