*Part9*
"မင်းကဘာလဲ ငါ့ကိုလှောင်ရီတာလား "
"အမ် !"ဘာကိုရည်ရွယ်မှန်းချမ်းမသိ ဟုတ်တယ်လေ သူကလည်းအစမရှိအဆုံးမရှိနဲ့ :
"ဒီမှာအစ်ကိုကြီး "
မိမိထပ်အတော်လေးမကြီးပေမယ့် ချမ်းရွဲ့ခေါ်လိုက်သည် ။"အစ်ကိုကြီးကဘာကိုပြောတာလဲမသိဘူး "
"မင်းစောနကရီနေတာလေ ငါ့ကိုလှောင်လိုက်တာမဟုတ်လား "
"အဲ ဘယ်လို "
"သား လေပြေအေးရေ "
"ဗျာ မေမေ "
အိမ်ထဲက အန်တီဝင်းအသံကိုကြားလိုက်ရ၍ ချမ်းသိလိုက်သည် ။"ဩော် အစ်ကိုကြီးက အန်တီဝင်းသားဆိုတာလား"
"ဟင် မင်းသိလား "
"သားလေး အဲ ချမ်း သားနဲ့စကားပြောနေတာလား လာလေ လာခဲ့ပါအုံးအန်တီမုန့်ကျွေးချင်လို့ လာ "
အန်တီဝင်းက ချိုချိုသာသာလေးနှင့်ခေါ်နေတော့ ချမ်းလည်း ဆေးတောင်းချင်တာနဲ့ ခြံကိုကူးသွားသည်။
"သားကသရက်သီးခူးရင်း ခေါင်းပေါ်သရက်သီးပြုတ်ကျသွားတာ "
"ဟာ မာမီ့သားကတော့ဖြစ်ရမယ် "
"ဒီမှာ အစ်ကိုကြီးအပေါ်ဘာကျသွားလဲကျွန်တော်မသိလိုက်ဘူးနော် ကျွန်တော်ရီတာ ကိုယ့်အတွေးနဲ့ကို"
"ဟုတ်လား ဟဲ "
ထိုအခါမှ ထိုလူပြုံးသွားသည်။ စောနကတော့သူမဟုတ်သလိုကြောက်စရာကြီး ။"သားတို့ကတော့ကွယ် ဖြစ်ရမယ် "
"ကျွန်တော့်ကိုအန်တီသားကဟောက်ဖို့ပြင်နေတာလေ "
"ဟားဟား မဟုတ်ပါဘူးကွာ ကိုယ်ကအထင်လွဲသွားတာပါ တောင်းပန်ပါတယ်ကွာ "
"ရပါတယ် "
"သင့်သင့်မြတ်မြတ်နေကြပါကွယ်ညီအစ်ကိုတွေပဲကို သား ချမ်းက ငြိမ်းချမ်းအေးတဲ့ အရမ်းချစ်ဖို့ကောင်းတာ သားမရှိတဲ့အတောအတွင်း ချမ်းလေးကပဲ မေမေ့ကိုအဖော်လုပ်ပေးခဲ့တာ "
"မေမေနော် သားမရှိတဲ့အတောအတွင်း အချစ်တွေကိုသူများကိုပေးပစ်တယ်ပေါ့ "
YOU ARE READING
Friend Or Husband (Completed)
Teen FictionIf You are pure , shouldn't Read⚠️ If You know , you are master in Dark side; Lets read😜 အမှောင်ဇီးကွက်လေးတွေအကြိုက် အမှောင်ဇီးကွက်လေးတွေအကြိုက်