ချစ်ပါရစေ
အပိုင်း၃ကိုင်ချင်တာကိုင်လိုက်ပြီး ကိုယ်ကိုင်ထားတာဘာမှန်းမသိ၍ ငုံ့ကြည့်ခါမှ လက်ထဲခရမ်းသီးကြီးရောက်နေခြင်း!
"ခရမ်းသီးကြီးကိုင်ပြီး ဘာလုပ်တာလဲသားရဲ့"
မာမီကသဘောရိုးရိုးဖြင့်မေးသည်ကို ဘေးနားကရှိနေတယ့ ချမ်းဘက်လှည့်လိုက်ပြီး"ဟင် ဩော် ဟို ချမ်းလေ ဖိုးချမ်းပေါ့ သူ့အတွက်လုပ်ပေးမလို့မာမီရဲ့" ထွဋ် ပြုံးစိစိနှင့် နှောင့်လိုက်လေသည်။
မာမီက တအံ့တဩကြည့်ပြီး
"ချမ်းလေးက ခရမ်းသီးမကြိုက်ဘူးလေ''ဟု အထူးတဆန်းဖြင့်ပြောလိုက်သည်။ချမ်းမှာ မျက်စောင်းတခဲခဲဖြင့်
"ဟုတ်တယ်အန်တီ အဲ့ကောင်လျှောက်နောက်နေတာဗျ"ဆိုပြီးအော်လိုက်သည်။ထွဋ်ခရမ်းသီးကိုငုံကြည့်ရင်း"ခ်ခ် ဖိုးချမ်းရာမင်းကောင်းသွားမှာပါ"လို့ထပ်စသေးသည်။
"ဟျောင့် မင်းအမေရှေ့မှာဘာတွေလျှေက်ပြောနေတာလဲ"
"ဩော် မင်းစားကောင်းမှာပါလို့ပြောတာပါ"
"သားလေးတို့ ဘာတွေလုပ်နေကြလဲ လာကြည့်တာ ပြီးတော့ ပြောစရာရှိလို့"
"ဟုတ်ကဲ့အန်တီ"
"သားတို့အတွက် အန်တီအလုပ်စုံစမ်းပေးထားတယ် အသိလည်းအဲ့မှာလုပ်နေတာဆိုတော့ သားတို့နဲ့စိမ်းမှာမဟုတ်ဘူးလေ"
"ဩော် ကောင်းသားပဲအန်တီရဲ့"
"အေး အတူတူ"
မမေဖြစ်သူစကားမဆုံးသေး ထွဋ်ဝင်ပြောလေသည်။
"အာ ပျင်းစရာကြီးဗျာ ကျောင်းပြီးလို့နားတာကို သင်တန်းဆိုလို့လည်းဦးမိုးဆီသွားတက်ရသေးတယ် အခုသင်တန်ပြီးလို့နားမယ်ဆိုတော့လည်း""ငပျင်းကောင် မလုပ်ချင်ရင်မလုပ်နဲ့"
"သားချမ်းနဲ့ အတူလုပ်ပါသားရယ်"
"သားနားချင်သေးတယ်မာမီရဲ့ နော် တစ်လပါပဲ"
မာမီက မျက်စောင်းယဲ့ယဲ့လေးထိုးခါ
"ဟင်း ကောင်းပြီလေ တစ်လနားပြီးရင် အလုပ်အတွေ့ကြုံယူပြီး ပြည်ပကဘိုးဘိုးဘွားဘွားတို့
ဆီသွားပြီးပညာသင်ရမယ်"ဟု ပြောသည်။
KAMU SEDANG MEMBACA
Friend Or Husband (Completed)
Fiksi RemajaIf You are pure , shouldn't Read⚠️ If You know , you are master in Dark side; Lets read😜 အမှောင်ဇီးကွက်လေးတွေအကြိုက် အမှောင်ဇီးကွက်လေးတွေအကြိုက်