အချစ်ဦးလေးရေ...အချစ်ဦးလေးရေ...

2K 76 6
                                    

အပိုင်း၁

‍‍‍‍‍‍‍"‍‍‍‍‍မောင်လေပြေအေးဆိုတာလေ အသက်ငယ်သာငယ်မယ် ကြိုးစားချင်စိတ်နဲ့ အောင်မြင်ချင်စိတ်ကတော့ ကျုပ်တို့ထပ် ဝါကြီးတယ်ဗျို့"

"အဟား အန်ကယ်လ်စိုးကတော့ နောက်ပြီဗျာ"

"ဒီမယ်မောင်ရင် စိုးမြင့်ပြောတာကို အန်ကယ်လ်လက်ခံတယ် မင်းက ဒီထပ်မကအောင်မြင်အုံးမှာ ဘာလို့လဲသိလား မင်းမှာအောင်မြင်ချင်စိတ်ရှိလို့ပဲ"

"Thats right ကြိုက်တယ်အန်ကယ်လ်ကလည်း မင်းရဲ့ကြိုးစားချင်စိတ်ကိုသဘောကျတာကွ"

အထက်လူကြီးများအားလုံးက ၀ိုင်းဝန်းချီးမြှောက်ကြလေသည်။

"ဟေ့ကောင်လေး လာကြအုံး"

"ဟုတ်ကဲ့သူဌေး"

"ဒီကလူကြီးမင်းတွေလိုအပ်တာကို စီစဉ်ပေးလိုက် ပွဲကိုလာမယ့် VIPဧည့်သည်ကိုသွားကြိုလိုက်အုံးမယ်"

"ဟုတ်ကဲ့ စိတ်ချပါသူဌေး"

"အေး ငါသွာပြီ"။

လေပြေအေးမသွားခင် သန့်စင်ခန်းသို့ ၀င်၍ မိမိ၏ရုပ်ရည်သွင်ပြင်ကို တစ်ချက်စစ်ဆေးရသည်။

VIP ... ဟုတ်တယ် မင်းလေးက ကိုယ့်အတွက်
Very Important People ... ကိုယ့်ဘ၀ရဲ့အချစ်ဦးလေးပေါ့ ... ဟူး :

မိမိသွင်ပြင်အားCopyယူထားသော မျက်နှာချင်းဆိုင်က မှန်ချပ်အားကြည့်ခါ တစ်ယောက်တည်း ပြောရင်း ပြုံးမိသည်။

တစ်ချိန်တည်းပဲ ၀င်လာတဲ့အတွေးတချို့ကြောင့် အပြုံးပျက်ခါ မှန်ချပ်အား ကျောပေးမှီရပ်လိုက်သည်။

မင်းလေးက ကိုယ့်ရဲ့သီးသန့်ဖြစ်တည်မှုလေးဆိုပေမယ့် ကိုယ်ဟာမင်းအတွက် တတိယမြောက်လူပိုတစ်ယောက်ဖြစ်နေတယ်မင်းအတွက် ပိုနေတယ့်လူပိုတစ်ယောက်ပေါ့ ကိုယ်ချစ်တာမင်းဆိုပေမယ့် မင်းချစ်တာကသူဖြစ်နေတယ် .... လောကကြီးကရင်နာဖို့ကောင်းလိုက်တာကွာ ကိုယ့်ဘ၀ရဲ့အချစ်ဦးဟာ ကိုယ်ကပဲတစ်ဖက်သပ်ချစ်နေတယ့်သူပါလား :

နှလုံးသားလေးရဲ့တောင့်တမှုကို တည်ခန့်ညား မျက်ကွယ်ပြုပြီး သီးခံခဲ့သည်မှာအတော်ကြာပြီဖြစ်သည်။ ချစ်ရသူရဲ့စိတ်ကိုစောင့်စားရင်း ဘေးကနေ သူ့ရဲ့နာကျင်မှုတွေကို မျှဝေခံစားလာခဲ့ရသမျှကိုလည်း တည်ခန့်ညားသန့်စင်သောမေတ္တာဖြင့်သာ ပေးစပ်ခြင်းပင်။ သို့သော်
ချစ်ရသူကောင်လေး၏ တန်ပြန်မေတ္တာကိုတော့ လောဘဖြင့် လိုချင်တပ်မက်စိတ်မရှိပေမယ့် တောင့်တမိသည်ကတော့ တည်ခန့်ညားအတွက်ရိုးရှင်းလွန်းလှသည်။

Friend Or Husband (Completed)حيث تعيش القصص. اكتشف الآن