Dinner✨

1.1K 74 2
                                    

‍‍‍‍‍‍ချစ်ပါရစေ
အပိုင်း၅

မာမီကမျက်စောင်းနုနုလေးဖြင့် ဝေ့ကြည့်ခါ
"မင်းချည်းပဲ စွတ်ပြောနေတာလား သားရယ်" ဟုဆိုလေသည်။

ချမ်းလေးက ထွဋ် ပုခုံးလေးကိုတစ်ချကပုတ်ရင်း
"အဲ သူစိတ်လှုပ်ရှားနေလို့ပါအန်တီမာ ကျွန်တော်တို့ မနေ့ညက မအိပ်ပဲ တစ်ညလုံးတိုင်ပင်နေခဲ့တာ အန်တီမာဘယ်လို အဖြေပြန်ပေမလဲ ဆိုပြီး"

ချမ်းစကားမဆုံးခင်မှာ

"မာမီ အခုသားမာမီ့ဆီက ခွင့်ပြုချက်တောင်းတာမဟုတ်ဘူးနော် အသိပေးတာ မာမီ့အဖြေကဘာပဲဖြစ်ဖြစ်  သား ချမ်းနဲ့လုံးဝခွဲနိုင်မှာမဟုတ်ဘူး"
ဟု ထွဋ်ဝင်ပြောလေသည်။

"ငထွဋ် မ၇မ်းကားနဲ့ အန်တီ့ကိုစကားသေချာပြော"ချမ်းငေါက်ခနဲထပြောရသည်။

ထိုအခါအန်တီမာ အပြုံးလွင့်လွင့်လေးပြုံးလိုက်သည်။
"ထားလိုက်ပါသားချမ်း ဒီကောင်လေးက အဲ့လိုအရိုင်းစိုင်းလေးလေ "

ထွဋ်က"အဲ သားရိုင်းတာ မဟုတ်ဘူးလေ"ဆိုခါဝင်ပြောလေတော့ "ဒီမှာသား သားလေးတို့ပျော်တယ်ဆိုရင် မာမီ မာမီဘာမဆို လက်ခံနိုင်တယ်"ဟူ၍ ပေါ့ပေါ့ပါးပါးသာဆိုလာသည်။

တအံ့တဩဖြင့် ချမ်းနှင့်ထွဋ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်"ဟင်! မာ မာမီ တကယ်ပြောတာလား" ဟု ပင် ထအော်မိသည်။

မာမီက ခေါင်းလေးငြိမ့်ရင်း
"အင်း မာမီ့ကို ဦးငယ်ပြောပြထားပြီးသားပါ "

ချမ်းကမျိက်လုံးလေးပြူးသွားပြီး "ဗျာ ဘာကတည်းကလဲ အန်တီမာ" လို့မေးတော့

"သားလေးတို့ ဦးမိုးအိမ်ကပြန်လာပြီးကတည်းက သားလေးတို့ မျက်နှာမကောင်းတာမြင်တော့ ဦးငယ်ကို သွားမေးကြည့်တာ မာမီ့မှာ စိတ်တွေပူလိုက်တာမှနော် မနေနိုင်မထိုင်နိုင်ဖြစ်လို့" မာမီက လက်လေးပိုက်လျက်ပြန်ဖြေသည်။

ထိုအခါ ထွဋ် မာမီ့အနားကပ်ခါ "အဲ မာမီကလည်း သားလန့်နေတာ ဒီမှာ ဒူးတွေတောင်ချောင်လို့ အစတည်းကမပြောဘူး" ဟု ဆူအောင့်အောင့်ဖြင့် ရန်တွေ့သည်။

ထွဋ်ပါးကို ဖွဖွလေးဆွဲဖိရင်း "မင်းတို့လေးတွေက မင်းတို့ကိစ္စနဲ့မင်းတို့ရှုတ်နေတာလေ မာမီ့ကိုလှည့်တောင်မကြည့်ပဲနဲ့များ မာမီသိနေလို့လည်း မင်းတို့ ဟုညက တစ်ညလုံးပျောက်သွားတာကို မင်းတို့ကို မမေးတာပေါ့" ဟု ပွင့်ပွင့်လင်းလင်းဖြေခါမှ ထွဋ်မျက်နှာကြီးပြုံးဖြီးသွားခါ "ဟီး မာမီကလည်း " တဲ့

Friend Or Husband (Completed)Where stories live. Discover now