ချစ်ပါရစေ
အပိုင်း၂လေပြေအေးကို အပေါ်ထပ်သို့ မနည်း တွဲပို့လိုက်ရသည်။ အပေါ်ထပ်ရောက်တော့မှ ဟူးခနဲသက်ပြင်းချခါ မိမိအခန်းထဲသို့တွဲပို့လိုက်သည်။
ကုတင်ပေါ်အရောက် "ချမ်းလေး ဟင်း ချမ်းလေးရယ်" တညီးညီးနဲ့ လေပြေအေးယောင်ယမ်းခေါ်ပြီး အနီးနားက ဦးငယ်လက်တို့ကို ဆုတ်ကိုင်ထားသည်။
လေပြေအေးပုံစံသည် အချစ်ဝေဒနာကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးတာကြောင့် ချမ်းဟာ သူ၏အချစ်ဦးဟု ဦးငယ်သိလိုက်ရသည်။
မျက်ရေများနှင့် လူးလိမ့်ယောင်ယမ်းနေသော လေပြေအေးအား ကြည့်ရင်း ဦးငယ်သနားမိသည်။မင်းလည်း တစ်နေ့တော့ အချစ်စစ်ကိုရနိုင်မှာပါ.
.......
ကျွတ်! ကျွတ် !
နဖူးစပ်လေးတွေကို လက်မလေးဖြင့်ဖိချေရင်း လေပြေအေးနိုးလာသည်။ မနေ့က လွန်လွန်ကျွံကျွံသောက်လိုက်မိတာကြောင့် ခေါင်းမကြည်ဘဲ နောက်ကျိကျိဖြစ်နေသည်။
သောက်ခဲ့တာကိုသတိရပြီးသည်နှင့် တပြိုက်နက် ခုလက်ရှိရောက်နေတယ့်နေရာကို သတိထားမိခါ ဝေ့ဝဲကြည့်လိုက်တော့ စိမ်းနေသည်။သူတည်းနေတယ့်ဟိုတယ်လ်အခန်းမဟုတ်ပါ။
ခြံထားတဲ့စောင်ကို ဖယ်ချလိုက်ပြီး ထရပ်လိုက်သည်။ ထင်ယောင်ထင်မှားဖြစ်နေလား ဆိုပြီး ပါးကိုနှစ်ချက်လောက် ရိုက်လိုက်သည်။
ငါဘယ်ရောက်နေတာလဲ?
လေပြေအေး အပြင်ထွက်ကြည့်တော့မှ ရင်းနှီးနေသောအိမ်ခန်းအပြင်ဆင်များကိုတွေ့လိုက်သည်။ ထို့နောက်ရှေ့ဆက်လျှောက်တော့ အပြာရောင်ပိတ်ကားကြီးနောက်ခံနှင့် လူလတ်ပိုင်း အရွယ်ရှိ ဖြူချောချောယောက်ျားတစ်ယောက်နှင့် ဖြူဖွေးဝင်းနေတယ့် ချစ်စရာမျက်နှာပေါက်ပိုင်ရှင်လေး တို့ကြောင့်လေပြေအေးသိလိုက်သသည်။
ချမ်းနဲ့ သူ့ဦးလေး ဦးငယ်ပဲ ငါချမ်းတို့အိမ်ရောက်နေတာပဲ ဘယ်လိုလို့!?
အဖြေရှာတွေ့သွားတယ့် လေပြေအေးနား ခြေသံဖွဖွနှင့်ရောက်လာသူက"ဦးငယ်"
YOU ARE READING
Friend Or Husband (Completed)
Teen FictionIf You are pure , shouldn't Read⚠️ If You know , you are master in Dark side; Lets read😜 အမှောင်ဇီးကွက်လေးတွေအကြိုက် အမှောင်ဇီးကွက်လေးတွေအကြိုက်