🚫

1.8K 68 1
                                    

ချစ်ပါရစေ
အပိုင်း၁၄

ရီဝေေ၀နဲ့ထွဋ်မျက်ဝန်းတွေကို ချမ်းခပ်ဆွေ့ဆွေ့လေးကြည့်ပလိုက်သည်။
"ပြောလေအရင်"

"ပြောပါ့မယ် ဒီလို အဲ့နေ့ရဲ့မနက်ရောက်တော့အစ်ကိုလေပြေအေးငါ့ဆီဖုန်းဆက်လာတယ်"

"ဟမ်! အစ်ကိုလေပြေအေးလည်းပါနေတာလား"

"အေး မွှ" ချမ်းလည်ဂုတ်ဖွေးဖွေးဥဥလေးကို နမ်းရင်းလျှာလေးနဲ့သပ်ချလိုက်သည်။

"အ ဟင့် ထွဋ် ပြောစရာရှိတာကိုပြောကွာ ကလိမနေနဲ့"

"ဘာလဲ မနေနိုင်တော့ဘူး အဟား မင်းကနော် ငါ့ရဲ့အထိတွေ့တွေမှာ မငြီးငွေ့နိုင်ဘူး ငါလည်းမင်းရဲ့ညည်းသံလေးတွေကို စွဲမက်နေတုံးပဲ"

အရေးထဲရိသဲ့သဲ့လာလုပ်နေတာကြောင့် ချမ်းဆဲပစ်လိုက်ချင်သည်။"ငါလည်း မင်းကိုဘယ်တော့မှမဆဲဘဲမနေနိုင်ဘူး လဒစုတ်ပြောနေတာကို အဆုံးထိပြော"

"ဘာလဲ အစ်ကိုလေပြေအေးပါတယ်ဆိုတော့စိတ်ဝင်စားသွားပြီပေါ့ ဟုတ်လား ဟင်း"

ချမ်းအနောက်ကနေခွထိုင်နေရာက ထလိုက်ပြီး ကုတင်ဘေးက ထိုင်ခုံလေးပေါ်စူပုတ်ပုတ်နဲ့ဝင်ထိုင်နေသည်။ ချမ်းကသဘောပေါက်သွားပြီး ထွဋ်အနားရပ်လိုက်ခါ မေးငေါ့ပြသည်။ထွဋ်က ညစ်တစ်တစ်နှင့်။

"သွားကွာ ငါ့လာမခေါ်နဲ့ '

"အယ် ထွဋ် မင်းကလေကလေးလေးကျနေတာပဲ"

"ဟွန့်"

''ရော ဒီမှာ ''

ချမ်းက ထွဋ်ပေါင်ပေါ်ခွထိုင်လိုက်သည်။ပြီး ထွဋ်အင်္ကျီကြယ်သီးလေးတွေကို တစ်ဆင့်ချင်းဆီဖြုတ်နေရင်း

"မင်းကောင်းအောင် ငါလုပ်ပေးချင်တယ် ငါ့ကိုရောမပြောပြချင်ဘူးလားလို့ အမ် ပြောပြလေ မင်းတို့ကငါ့ကိုကျဖုံးကွယ်ထားတယ်" ဟုချွဲနွဲ့နွဲ့လေးရန်တွေ့ခါကြယ်သီးဖြုတ်ရင်းရပ်လိုက်ပြီး ဖယ်မယ်လုပ်တော့ ထွဋ်က ပြန်ဆုတ်ကိုင်လိုက်သည်။

"ငါမင်းကိုဖုံးကွယ်ထားတာမဟုတ်ပါဘူး ဦးငယ်အသည်းကွဲတာကိုမင်းမြင်ချင်မှာမဟုတ်ဘူးလေ
ငါတို့အကြံစည်က ဦးငယ်စိတ်တွေရှုပ်ထွေးပြီး ခံစား ချက်ပွင့်ထွက်လာတာကိုဖြစ်စေချင်တာ "

Friend Or Husband (Completed)Kde žijí příběhy. Začni objevovat