ချစ်ပါရစေ
အပိုင်း၈"ဦးငယ်က လူချစ်လူခင်ပေါတယ်နော် အထက်လူကြီးနဲ့လည်း ပေါင်းသင်းဆက်ဆံရေးပြေလည်တယ် စားသောက်ဆိုင်က စာပွဲထိုးနဲ့လည်းအဆင်ပြေအောင်ပေါင်းနိုင်တာပဲနော်"
"ပေါတယ်လို့တော့မဟုတ်ပါဘူး"
"ဦးငယ်ကိုပြောထားရအုံးမယ် အဲ့ကိုမင်းမြတ်ဆိုတယ့်လူကလေ ဦးငယ်ကိုကြည့်နေတယ့်မျက်လုံးတွေကရိုးသားတာမဟုတ်ဘူး ပြီးတော့ဟိုစာပွဲထိုးကောင်ရောပဲ ဦးငယ်ကို ၀ိုင်းကြိုက်နေကြတယ်"
"ရော ခက်ပြီ ဘာတွေပြောနေတာလဲ"
"ကျွန်တော်ကစေတနာနဲ့ပြောပြတာ ဦးငယ်ကိုစိတ်မချဘူး"
"တော်တော့ကွာ မင်းထမင်းမစားရသေးဘူးမလား ၀င်ခဲ့တော့ "
ဦးငယ်က မျက်နှာထား ခပ်တင်းတင်းဖြစ်သွားသည်။ လေပြေအေးလည်း ပြောစရာစကားတွေရှိသေးသည်။အားမရ ဦးငယ်ကသဘောမကျသလို ဖြစ်နေလို့ ဆက်မပြောပဲ စားပွဲခုံမှာဝင်ထိုင်နေလိုက်သည်။
"ရော့ စားလိုက်"
"ဦးငယ်ရော စားပြီးလား"
ဦးငယ် ဘာမှမပြောဘဲ ၀င်သွားသည်။
လေပြေအေးလည်း မစားချင်စားချင်နှင့် လက်စသတ်လိုက်ပြီး အမေ့အခန်းထဲခဏ၀င်လိုက်သည်။"မေမေ အိပ်ပြီလား"
"မအိပ်သေးဘူးသား ၀င်ခဲ့လေ လာလာ မေမေအိမ်ရှေ့အိမ်က ထွဋ်ရဲ့မာမီဆီကနေ ဘုရားစာအုပ်လေးဖတ်ချင်လို့ဆိုပြီး ငှားထားတာလေ အခုဖတ်နေတာပါ
သားနောက်ကျတယ်နော်""ဟုတ်တယ်မေမေ အခုခေတ်ကလေးတွေကမလိမ္မာဘူးဗျာ အရမ်းဆိုးတာပဲ သူငယ်ချင်းက သွက်သွက်လက်လက်ရှိလို့ သဘောကျတယ်ဆိုပြီး ခန့်ထားတာလေ သားတော့မျက်လုံးထဲထောင့်မကျိုးဘူး ဟွန့်"
"ငါ့သားကကလည်းကွယ် စိတ်လျှော့ပါ အဆင်မပြေတော့လည်း အလုပ်ဖြုတ်လိုက်လေ စိတ်ဆင်းရဲမခံနဲ့ အလုပ်ကိုကောင်းကောင်းမလုပ်ရင် ဖြူတ်လိုက်"
"ဟို ဖြုတ်တာက ...... ထားလိုက်ပါမေမေရယ် မေမေအဲ့တာတွေတွေးမနေနဲ့ မေမေနေရထိုင်ရတာအဆင်ပြေရဲ့လားလို့"
YOU ARE READING
Friend Or Husband (Completed)
Teen FictionIf You are pure , shouldn't Read⚠️ If You know , you are master in Dark side; Lets read😜 အမှောင်ဇီးကွက်လေးတွေအကြိုက် အမှောင်ဇီးကွက်လေးတွေအကြိုက်