Fri

8.9K 337 1
                                    

*‍‍‍‍‍‍Part2*

တီတီတီ ! တီတီတီ !

ဇိမ်ကျနေတဲ့အရသာကိုဖျက်ဆီးပစ်တဲ့ Alarmသံကြောင့် ထွဋ် အိပ်ယာထပ်မှာ အလိုမကျ စိတ်နှင့်လူးလိမ့်နေမိသည် ။

တီတီတီ! အသံကရပ်မသွား ထွဋ် ပေကပ်ပြီးအိပ်နေလိုက်သေးသည် ။

နှိုးစက်တောင် ထွဋ် ကိုမနိုင်တော့ပဲ ရပ်သွားလေသည် ။

တြီ တြီ တြီ !

"ဟင် !"

အိပ်ယာဘေးကဖုန်းသံကြောင ထွဋ်ငေါက်ခနဲထလာသည် ။ဖုန်းကိုကောက်ကြည့်လိုက်သည်။ ဒီဖုန်းပိုင်ရှင်ကိုတော့မနိုင်တော့ဘူး ။ဖုန်းကိုလက်တစ်ဖက်ကကိုင်လိုက်ပြီး တစ်ဖက်ကတဘက်ကိုကိုင်ခါ ရေချိုးခန်းထဲဝင်သွားသည် ။

"ဟျောင့် ပြော အာ အေးပါကွာ ငါနိုးနေပါပြီ
အဆင်သင့်ပဲ ဗိုက်ဆာလို့စားနေတာ မလာနဲ့ ငါစားပြီးတာနဲ့ မင်းကိုလာခေါ်မယ် စောင့်နေနော် အေး အေးပါဆိုကွာ "

"သားငယ်ရေ မင်းမပြီးသေးဘူးလားချမ်းလေးတော့စောင့်နေတော့မှာပဲကွယ် "

တစ်ပူပြီးလို့မဆုံးသေးဘူး အခန်းအပြင်မှာနောက်တစ်ပူ !

"မာမီကလည်းပြီးပါပြီ မျက်နှာသစ်နေတာ "

"မင်းအခုမှမျက်နှာသစ်တယ်ပေါ့လေ "

"ညအိပ်ယာဝင်တာနောက်ကျသွားတယ်လေမာမီရဲ့ အဲ့တာAlarmပေးထားလည်း အိပ်ပျော်နေတာ ခ်ခ်"

"ကောင်စုတ်ရီမနေနဲ့ သွက်သွက်လုပ် ဟင်း မနက်စာကိုကားပေါ်မှာပဲစားတော့ "

"ဟာဗျာ! မာမီကလည်း ဖိုးချမ်းကိုဖုန်းဆက်ပြီးပြီ ခဏနေမှလာခဲ့မယ်လို့ ထမင်းလေးတော့အေးဆေးစားပါရစေ "

"စားလေ ကားပေါ်မှာ
ချမ်းလေးကစောင့်နေတာကို မင်းကအေးဆေးလုပ်နေတယ် မာမီအောက်ဆင်းပြီ "

:ချမ်းလေးချမ်းလေးဆိုပြီး သည်းသည်းလှုပ်နေတာပဲ ဟင်း သူ့သားကျနေ 😒:ထွဋ်မျက်နှာကိုရွဲ့ရွဲ့ပဲ့ပဲ့လုပ်ရင်းရေချိုးခန်းထဲကထွက်လာခဲ့သည် ။

"သားလေးချမ်း မသွားသေးဘူးလား "

"ဟို ငနာမလာသေးဘူးလေဦးငယ် "

Friend Or Husband (Completed)Donde viven las historias. Descúbrelo ahora