4

1.9K 179 14
                                    

Yoongiနဲ့Taehyungအမေဖြစ်သူနဲ့ညနေစာစားရင်းစကားပြောဖြစ်ကြတယ်။

"သားHyung....သားတပည့်စာတော်ရဲ့လား"

Yoongiစာတော်တယ်ဟုပြောစေချင်တာ​ကြောင့်Taeအားကြည့်ကာမျက်နှာချိုသွေးပြမိသည်။

"အင်းမဆိုးပါဘူး"

Taehyungဖြေပြီးတာနဲ့ပါးစပ်ထဲထမင်းထည့်လိုက်သည်။

"သားရောဆရာနဲ့စာသင်ရတာအဆင်ပြေရဲ့လား"

"ဟုတ်"

Yoongiဖြေပြီးတာနဲ့သူ့ထမင်းကိုပါစပ်ထဲအတင်းသွပ်ထည့်နေတယ်....အကြောင်းကတော့စကားများတဲ့အမေဖြစ်သူမေးခွန်းတွေကိုရှောင်ချင်တာကြောင့်ပင်

"သားကလေအိမ်မှာဆိုအရမ်းဆိုတာ....အခုလည်းကြည့်ထမင်းစားတာပလုပ်ပလောင်း....ကလေးကျနေတာပဲ....ခုထိကိုမရင့်ကျက်ဘူး"

Yoongiအမေဖြစ်သူစကားကြောင့်ဆရာများသူ့လိုကလေးသာသာကိုအထင်သေးသွားမလားဟုစိုးရိမ်ကြည့်နဲ့မသိမသာပင့်ကြည့်မိသည်။ဆရာပြုံးလိုက်တယ်....တစ်ခါမှမမြင်ဖူးဘူး....ချောရက်လေခြင်း....Min Yoongiတို့ကံဇာတာများတက်ချင်တော့လည်းအချောလေးနဲ့မှ....အဟိ

"ကျနော်နားလည်ပါတယ်....တစ်ယောက်တည်းကို....ဆိုးတာသဘာဝပါပဲ"

ဆရာကပြောရင်းသူ့ကိုကြည့်လာတော့ချက်ချင်းထမင်းပန်ကန်ထဲအကြည့်ပို့လိုက်သည်။

"ကျ....ကျနော်...မဆိုးပါဘူး"

"ကိုယ်သိပါတယ်လိမ်မာတာ"

အေးစက်စက်လေသံကြောင့်ရင်တွေတောင်တုန်တယ်....

"ကဲသား.....စားပြီးရင်ကိုယ့်ပန်းကန်ကိုယ်ဆေးနော်အမေအိမ်ပေါ်မှာစာအုပ်ဖတ်လိုက်ဦးမယ်"ပြောရင်းထသွားတဲ့အမေအားတားချင်ပေမယ့်အမေကလျင်မြန်စွာ

"စားလေ....ပြီးရင်စာကျက်ရအောင်"

ဆရာဆီကလေသံအေးအေးစကားအားမော့ကြည့်ရင်း

"ဆရာ.....ဆရာကောကိုယ့်ပန်းကန်ကိုယ်ဆေးနော်"

YoongiအပြောကိုTaehyungမျက်ခုံးကျုံ့လိုက်ရင်း

"မင်းဆေး"

"ဆရာအနိုင်ကျင့်တယ်"

"ငါစတာ.....ငါ့မှာလက်ပါတယ်မလိုဘူး"

ONLY WE KNOWTahanan ng mga kuwento. Tumuklas ngayon