13

1.5K 163 4
                                    

Yoongiတစ်ယောက်Taehyungဆီကစာမရတာကြောင့်ထိုင်ထအပြစ်ပေးခံခဲ့ရတယ်...အိမ်ပြန်တော့ခြေထောင်တောင်မခိုင်တော့....မကောင်းတဲ့လူ....သူကကော့တော့ကော့တော့နဲ့ရှေ့ကသွားနေတယ်

"ကိုကို....မစောင့်ဘူးလား"

ရန်လှမ်းတွေ့တဲ့နောက်ကပေါက်စကရီချင်စရာTaeပြုံးရင်းသူ့ဘာသာဆက်သွားနေသည်။

"ကိုကို"

ထပ်ခေါ်နေတာကြားပေမယ့်လှည့်မကြည့်

"ဆရာမPark So heeနဲ့ကြိုက်နေတဲ့လူ"

Taeနောက်လှည့်ကြည့်ရင်းခါးထောက်လိုက်ကာ

"ပေါက်ကရပြောနေတယ်ပေါ့"

Yoongiမျက်စောင်းထိုးရင်း

"သူ့ကောင်မကျလှည့်ကြည့်တယ်....နမည်ကြားတာနဲ့ပြာနေတာပဲ"

Yoongiပြောရင်းလမ်းပေါ်ထိုင်ချလိုက်မှTaeပိုပြာယာသွားသည်။အမြန်ပြေးသွားလိုက်ကာပွေ့ချီလိုက်ရင်း

"တော်ပြီ....မဆိုးနဲ့....လာ"

"ဆရာမနမည်ကိုဘာကိစ္စလှည့်ကြည့်တာလဲ"

"သူများတွေကြားရင်မကောင်းဘူးလေ....ပေါက်စရဲ့"

Yoongiပတ်ဝန်းကျင်အားငေးကြည့်လိုက်ရင်း

"ဘာကိုမကောင်းတာလဲ"

"ဆရာမသိက္ခာပေါ့....လိမ်မာပါကွာ...ကိုယ်မင်းကိုလိမ်မာတဲ့ကောင်လေးဖြစ်စေချင်တာ"

"ကိုကို...ကျနော်ကဆိုးလို့ကြည့်မရဘူးလား"

"ဟင့်အင်း...ကြည့်ရပါတယ်လူဆိုးလေးရဲ့...ဒါပေမယ့်ကလေးလိမ်မာမှYoongiအမေကသဘောတူမှာ...ကိုယ်တို့မိဘချင်းအပေးအယူပေါ့...yoongiဆိုတဲ့လူဆိုးလေးလိမ်မာရင်လိမ်မာအောင်သင်ပေးနိုင်တဲ့ကိုယ့်ကိုလက်ထပ်ဖို့သဘောတူထားတယ်"

Yoongiမျက်စောင်းထိုးရင်း

"အဲ့တော့အပေးအယူကြောင့်ကျနော့်ကိုချစ်ခဲ့တာပေါ့"

"ဟင့်အင်း....မလိမ်မာပေမယ့်...ခပ်ဆိုးဆိုးချစ်စရာကောင်လေးကိုအရမ်းချစ်မိနေတာကိုယ်ဘာလုပ်နိုင်မှာလဲ.....ကိုယ်အစတည်းကဓာတ်ပုံကိုမြင်ဖူးခဲ့တာ..အဲ့တည်းကသဘောကျခဲ့တာ...ဒါပေမယ့်အပြင်မှာစမြင်ဖူးတဲ့နေ့မှာ...ကိုယ်ချစ်ခဲ့မိတယ်...အထူးခြားဆုံးကကိုယ့်ကိုထိန်းချုပ်ဖို့ခက်ခဲစေတယ်"

ONLY WE KNOWWhere stories live. Discover now