1နှစ်ခန့်ကြာသော်
Yoongiအောင်စာရင်းကြည့်ပြီးပြန်လာရာကအိမ်ရှေ့မှာအမေဖြစ်သူကစောင့်နေတာကြောင့်အူတူတူဝင်လာသည်။
"အမေဘာဖြစ်လို့လဲ"
"သားစာမေးပွဲအောင်လား.....အောင်ရင်လက်ဆောင်ပေးမလို့"
Yoongiပြုံးလိုက်ရင်းလက်မလေးထောင်ပြတော့အမေဖြစ်သူကဖက်တွယ်ရင်း
"မနှစ်ကသားစာမေးပွဲကျတယ်လေဒီနှစ်အောင်ပါ့မလားတွေးပြီးစိတ်ပူနေရတာ...တစ်ခါမှအောင်လိုက်မယ်လို့မတွေးဖူးဘူး"
Yoongiနှုတ်ခမ်းဆူလိုက်ရင်း
"အမေကလည်း.....ကိုယ့်သားကိုပြောရက်တယ်"
Yoongiအပြောကိုအမေဖြစ်သူကပြောမနေပဲအိမ်ထဲဝင်သွားဖို့လုပ်တော့လိုက်ဆွဲရင်း
"အဟင်း...အဲ့လိုလုပ်မယ်မကြံနဲ့လေ....ဘယ်မှာလဲလက်ဆောင်"
"ခြံထဲမှာစောင့်နေအမေသွားယူလိုက်ဦးမယ်"
Yoongiခြံထဲလမ်းလျှောက်လိုက်ရင်းတစ်ခုခုသတိရသွားတာကြောင့်ဖုန်းထုတ်လိုရင်းကိုကိုဆီဖုန်းဆက်မိသည်။
"ကိုကို"
"အင်းပြောလေ"
"သားစာမေးပွဲအောင်တယ်သိလား"
Yoongiပြောတဲ့စကားကြောင့်တဖက်ကရယ်သံကYoongiကိုပျော်ရွှင်စေသည်။
"အာ့ဆိုကတိတိုင်းကိုကိုပြန်လာနိုင်အောင်အလုပ်တွေထားခဲ့တော့မယ်"
"အင်း...ပြန်လာခဲ့....သားသိချင်တာတစ်ခုရှိတယ်ကိုကို့ကိုမေးမယ်မေးမယ်နဲ့မမေးဖြစ်တာ"
Yoongiအပြောကြောင့်တဖက်ကလေပြေအေးနဲ့လက်ခံလာသည်။
"ဆရာမPark So heeလေကလေးမွေးပြီးသွားပြီသိလား...ကျောင်းကသူငယ်ချင်းတွေကခုထိကိုကိုနဲ့လို့ပြောကြတုန်းပဲ"
"ပတ်ဝန်းကျင်စကားတွေထားလိုက်ပါကွာ...Park So heeကလေးကသူ့ရည်းစားနဲ့ဒါမှမဟုတ်သူ့ယောကျာ်းနဲ့ဖြစ်မယ်.....သူအခုအိမ်ထောင်ကျပြီမလား"
"အိမ်ထောင်တော့ကျပြီ....ဒါပေမယ့်သူ့ယောက်ကျားကိုလည်းသူငယ်ချင်းတွေကဆရာ့လှည်းကျိုးထမ်းတဲ့နွားတဲ့"

YOU ARE READING
ONLY WE KNOW
Romanceဆုပေးဒဏ်ပေးဆိုတာရှိတယ်Min Yoongi Kim Taehyung ဆရာဘာလို့အဲ့လောက်ချောရတာလဲ... Min Yoongi