10

1.5K 166 11
                                    

Yoongiတစ်ယောက်ဆရာ့ကိုရှောင်ဖို့အတွက်မနက်တည်းကကိုယ့်ဘာသာကျောင်းကိုဦးတည်လာခဲ့သည်။ဆရာမရှိတော့ဆူမယ့်သူမရှိသလို....ဆရာကကျောင်းမလာဘူးဟုကတိပေးထားသည်။ဒီလောက်ပျော်ဖို့ကောင်းတဲ့နေ့ရှိမလား...

"Yoongi...ငါမင်းကိုပြောစရာရှိတယ်"

အမောတကောပြေးလာရင်းပြောနေတဲ့Jhopeကိုဘာလဲဟုသာမေးဆက်ပြလိုက်သည်။

"ဆရာမpark so heeကိုယ်ဝန်ရှိနေတယ်တဲ့"

Yoongiအနည်းငယ်ကြောင်အသွားသည်။

"ဆရာမpark so heeကယောကျာ်းမရှိဘူးလေ"

"တိုးတိုးပြော....ဆရာမသိက္ခာရှိသေးတယ်...ငါကျောင်းဆေးခန်းကိုခေါင်းကိုက်လို့ဆေးသွားယူရင်းဆရာဝန်နဲ့ဆရာမပြောနေတာကြားခဲ့တာ"

Jhopeပြောတဲ့စကားကိုYoongiတကယ်အံ့သြမိသည်။ဘာတွေဖြစ်ကုန်တာလဲ

"မင်းအပြင်ဘယ်သူသိသေးလဲ....ကျောင်းသားနည်းနည်းတော့သိတယ်။ငါ့အထင်အဲ့သတင်းကပွမှာပဲ"

JhopeဆီကစကားကိုYoongiမျက်ခုံးကျုံ့လိုက်မိသည်။ဆရာမမှာရည်းစားရှိတယ်ဟုပင်မကြားမိပါ။

"ဟာ....Yoongiမင်းဆရာစွမ်းချက်ပဲနော်....ဆရာမတော့တစ်ဗိုက်ပဲ....တာဝန်မယူချင်လို့ကျောင်းတောင်မလာဘူး"

အတန်းထဲကသူငယ်ချင်းတစ်ချို့ကသူ့နားကဖြတ်သွားရင်းသူ့ကိုပြောပြတော့Yoongiရင်ထဲဆို့နင့်မိသည်။ဆရာကအဲ့လိုလူမျိုးမဟုတ်ဘူးဟုကာကွယ်ပေးချင်ပေမယ့်....သူနဲ့တောင်ဆရာကလွှတ်ကင်းတာမဟုတ်

"မင်းတို့ကဘယ်လိုသိတာလဲဆရာTaehyungဆိုတာ"

Yoongiမေးတဲ့အမေးကိုသူငယ်ချင်းတွေကရီရင်း

"ဆရာနဲ့ဆရာမရုံးခန်းထဲမှာနမ်းနေတာငါတို့မြင်တယ်။ဆရာမကဘယ်ယောက်ကျားနဲ့မှနီးနီးကပ်ကပ်နေတာမဟုတ်ဘူးလေ...ဆရာTaehyungကလွဲပြီးဘယ်သူဖြစ်နိုင်မှာလဲ"

Yoongiဆက်မပြောတော့ပဲငြိမ်သက်လိုက်သည်။ဆရာနဲ့သာတကယ်ဆိုရင်....သူကရောဆရာ့အတွက်ဘာများလဲ....ဆရာရက်စက်လွန်းတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖

"Yoongi...နေမကောင်းဘူးလား"

စီနီယာကဂရုတစိုက်နဖူးကိုစမ်းရင်းမေးလာသည်။Jhopeကတော့စီနီယာအားဘုကြည့်ကြည့်နေသည်။

ONLY WE KNOWWhere stories live. Discover now