7

1.8K 182 32
                                    

Yoongiဒီနေ့တော့ကျောင်းပိတ်တာ​ကြောင့်Jhopeနဲ့အတူရုပ်ရှင်ကြည့်ဖို့အိမ်ကခိုးထွက်ခဲ့သည်။ဆရာကတော့မနက်ထဲကကျောင်းကိုအရေးကြီးကိစ္စရှိလို့သွားလေတော့Yoongiအတွက်ကံကောင်းခြင်းတွေစုနေသလို

"ဟေ့ရောင်....မင်းနော်ငါပြောပြီးသားဒီနေ့ညနက်မှပြန်မှာ"

Yoongiနှုတ်ခမ်းတို့မဲ့ပြရင်းJhopeအားမော့ကြည့်ကာ

"အေးဆေးပါကွ....အမေကကိစ္ဟမရှိဘူး.....ဟိုလူပဲ"

"အဲ့ဆရာကဘာလဲကွာ....မင်းယောက်ကျားကျနေတာပဲနေရာတကာပါတယ်"

Yoongiတစ်ယောက်Jhopeစကားကြောင့်လန့်ပင်လန့်သွားသည်။Jhopeကိုကြည့်ကာ

"သူကဘာလဲမသိပေမယ့်....ငါအမှန်တိုင်းဝန်ခံရရင်သူကငါ့အပေါ်အရမ်းလွှမ်းမိုးထားတယ်"

Jhopeလည်းအနည်းငယ်ဆော့သိပါသည်။Yoongiလိုဘယ်ဆရာလာလာခွေးမြီးကောက်ကျည်တောက်စွပ်လိုကောင်ကဒီဆရာနဲ့ကျ...မသွားရဲ....မလာရဲ...မလုပ်ရဲ...ဆိုတဲ့ခေါင်းစဥ်အောက်မှာလှုပ်ရှားသွားလာနေတယ်လေ...

"ဟာ....Yoongi"

လမ်းလျှောက်ရင်းထွက်လာတာမကြာသေး....လမ်းထိပ်နားရောက်မှချောကလက်ကိုင်ရင်းသူတို့ဆီအပြုံးတွေနဲ့ပြေးလာတဲ့စီနီယာ...Yoongiရယ်ပြရင်း

"စီနီယာ....ဒီကိုဘယ်လိုရောက်လာတာလဲ"

"တိုက်ဆိုင်တာမဟုတ်တာတော့သေချာတယ်"

YoongiအမေးကိုJhopeကကြားကဖြတ်ပြောတော့အပြေးလာတဲ့Jkအမောပင်ဆို့သွားသည်။Jhopeအားမျက်စောင်းထိုးရင်း

"လျှာရှည်တယ်နော်အရမ်း"

Yoongiလည်းပြောမနေတော့ပဲJkအားကြည့်ကာတားလိုက်သည်။ထသတ်တော့မယ့်စွာတေးလန်Hobiကတော့အံတကြိတ်ကြိတ်

"ကျနော်တို့ရုပ်ရှင်သွားကြည့်ရင်းအပြင်လျှောက်လည်မလို့"

Yoongiပြောရင်းJkများလိုက်ချင်မလားဟုအရိပ်အကဲကြည့်လိုက်သည်။

"မခေါ်ဘူးနော်....ကြိုပြောတယ်"

Jhopeဆီကအားမနာလျှာမကျိုးစကားကြောင့်Jkပြောမဲ့စကားတောင်နှုတ်ကမထွက်ပဲခန္ဓာကိုယ်တွင်းသာပြန်ဝင်သွားသည်။

ONLY WE KNOWDonde viven las historias. Descúbrelo ahora