1

2.5K 223 4
                                    

ငြိမးချမ်းလှတဲ့Daeguမြို့လေးရဲ့နံနက်ခင်းကအလွန်လှပသည်။ကိုယ်စီကိုယ်ငှအလုပ်သွားကြသူတွေ.....ကျောင်းတက်ဖို့ပြင်ဆင်နေကြသူတွေပြည့်နှက်လျက်.....Daeguကအိမ်လေးတစ်အိမ်ကတော့ဆူညံလျက်

"ဟဲ့Min Yoongiထစမ်း....ကျောင်းသွားရမဲ့ဟာကို"

Yoongiကြားပေမယ့်မထပါ....သူ့လိုလူကအမြဲကုတင်နဲ့မခွဲခွာချင်.....တစ်ခါတလေအိပ်ယာနဲ့ကြိုက်နေတာလားဟုတောင်သူငယ်ချင်းတွေကစနောက်တတ်သူ....အိပ်ယာမှမဟုတ်ပါဘူး....အိပ်ချင်ရင်ပျဥ်းပြားချပ်လေးပေါ်မှာတောင်ရအောင်အိပ်တတ်သူရယ်ပါ

"ထလို့Min Yoongi"

လုံးတစ်တစ်တင်ပါးအားဖြောင်းခနဲအရိုက်ခံရမှဆောင်ကြီးအောင်ကြီးထလာမိသည်။

"မား....ဘာဖြစ်နေတာလဲ"

"နင်9နာရီကျောင်းတက်ရမှာမသိဘူးလား....အခုပဲ8နာရီ45ဖြစ်နေပြီ"

Yoongiစိတ်ပျက်စွာစုပ်သပ်လိုက်သည်။နောက်ကျလဲဘာအရေးလဲအတန်းပိုင်ဆရာမကဒီနေ့လာမှာမဟုတ်ပေ....ကျောင်းပြောင်းသွားပြီလေ....ဘယ်လောက်တောင်ကောင်းလဲ

"ထနော်...မထရင်နင့်ကိုရေလောင်းလိုက်မှာနော်"

Yoongiနှုတ်ခမ်းတဆူဆူနဲ့အိပ်ယာကရုန်းထလာလိုက်သည်။
.
.
.
.
.
မှန်ရှေ့ရပ်ကာအေးဆေးပြင်ဆင်နေသူအားအမေကသိပ်ကြည့်မရ.....ကျောင်းဝတ်စုံပေါ်အပြာရောင်ဂျာကင်ထပ်ဝတ်ထားတာကြောင့်ခေတ်ဆန်လှသည်...ပုံသေခပ်ချေချေမျက်နှာထားကချစ်စရာကောင်းလှသည်။

"ဟဲ့....နင့်ကိုယ်နက်မော်ဒယ်ထင်နေလား....မြန်မြန်သွား"

Yoongiလည်းဘေးကဘာစာအုပ်မှမထည့်ထားတဲ့လွယ်အိတ်အားဆွဲကာအိမ်ပြင်ထွက်လာလိုက်သည်။တကယ်တော့ကျောင်းစဖွင့်ထဲကစာမရေးစာမကျက်သူမို့စာအုပ်ဆိုတာသူ့အတွက်ပကာသန....တစ်အုပ်ပင်လွယ်အိတ်ထဲမရှိ....

စက်ဘီးလေးနင်းကာကျောင်းကိုအေးဆေးသွားလိုက်သည်။သူတို့ကျောင်းကသူ့အိမ်နဲ့တစ်လမ်းလောက်သာဝေးသည်။

Yoongiစက်ဘီးအားကျောင်းဝန်းထဲရပ်ခဲ့ရင်းလေးပင်နေတဲ့ခြေလှမ်းတွေနဲ့....အခန်းထဲဘောင်းဘီအိတ်ထဲလက်လျိုကာဝင်လာလိုက်သည်။

ONLY WE KNOWWhere stories live. Discover now