"Yoongi....မင်းကြီးလာရင်ဘာဖြစ်ချင်လဲ....ရည်မှန်းချက်ရှိလား"
စာသင်နေရင်းရုတ်တရက်အမေးကြောင့်အူတူတူမော့ကြည့်ရင်း
"ကျနော်ကြီးလာရင်လား"
Taeခေါင်းငြိမ့်ပြလိုက်သည်။Yoongiရေးလက်စဘောပင်အားပါးစပ်ထဲထည့်ကာကိုက်ရင်းစဥ်းစားနေသည်။
"ကျနော်မှာရည်မှန်းချက်မရှိဘူး....ပျော်ပျော်နေဖို့ပဲတွေးတယ်"
"မင်းကတကယ်ကလေးပဲ.....မရင့်ကျက်လိုက်တာ"
Taeအပြုံးလေးနဲ့ပြောတော့Yoongiနှုတ်ခမ်းဆူလိုက်ကာ
"ကလေးမဟုတ်ဘူးသိရဲ့လား"
Taeရီလိုက်ကာ
"ဟက်....အဲ့တာဆိုဘာလဲ"
"လူကြီး.."
"လာခဲ့လူကြီးလေး"
Yoongiလက်မောင်းကရုတ်တရက်ပင့်မဆွဲခံလိုက်ရပြီးနောက်ဆရာ့ပေါင်ပေါ်ဆီတည့်မတ်စွာ....ဆရာကသူ့ခေါင်းကဆံနွယ်ပေါ်ငုံ့နမ်းရင်း
"လူကြီးဆိုရင်ရင့်ကျက်ရမယ်.....ရည်မှန်းချက်ထား...အစစအရာရာဆင်ခြင်တွေးတောတတ်ရမယ်..."
Yoongiအသံပင်မထွက်နိုင်....ဆရာရဲ့ခပ်သြသြယောက်ကျားပီသတဲ့အသံကြောင့်လက်ဖျားတွေအေးစက်လာတယ်ဆိုယုံလား....ရင်ခွင်ထဲသေးကွေးစွာခိုဝင်မိတဲ့မိမိကိုယ်ကိုလည်းကလေးတစ်ယောက်လိုခံစားမိသည်။ရှေ့တည့်တည့်ကြည့်ကာကျောက်ရုပ်လေးလိုငြိမ်နေမိတယ်
"Yoongi...ကြားလား"
ရင်ခုန်ဖွယ်နားဖျားကအသံတစ်ခုနောက်နွေးထွေးစွာထိကပ်လာတဲ့နှုတ်ခမ်းသားတွေကပါးပြင်ပေါ်မှာ....ရာသီဥတုကြောင့်အေးစက်နေတဲ့ပါးနုနုက...ဆရာ့နှုတ်ခမ်းတို့ကြောင့်နွေးထွေးသွားလေသည်။
"ဆရာ"
Yoongiခေါ်တော့လည်းသူ့အားမေးသာဆက်ပြသည်။Yoongiနောက်ကျောဘက်လှည့်ကြည့်ရင်းအောက်နှုတ်ခမ်းလေးဖိကိုက်ကာမျက်ရည်တို့ထိန်းပေမယ့်ကျဆင်းလာလေပြီ...
"ကျနော်ဘာဖြစ်နေလဲမသိဘူး....*sob*"
Taeကောင်လေးအားချီမရင်းမျက်နှာချင်းဆိုင်postionကိုပြောင်းလိုက်သည်။လက်သွယ်သွယ်တို့ဖြင့်နုဖက်ဖက်ပါးလေးပေါ်အုပ်ကိုင်ကာ
YOU ARE READING
ONLY WE KNOW
Romanceဆုပေးဒဏ်ပေးဆိုတာရှိတယ်Min Yoongi Kim Taehyung ဆရာဘာလို့အဲ့လောက်ချောရတာလဲ... Min Yoongi