Real Life - 1

16.1K 809 28
                                    

Unicode

အဆင့်မြင့်ဆေးရုံကြီးရှိ လူနာခန်းတစ်ခန်းတွင် လူလေးယောက်တို့ရှိနေပြီး လေးယောက်ထဲတွင် နှစ်ယောက်ဟာ ဆရာဝန်နဲ့သူနာပြုမလေးတို့ဖြစ်သည်။ဆရာဝန်ဟာ ကုတင်ပေါ်ကလူနာကိုစမ်းသပ်ပေးပြီးနောက် လူနာရှင်လူငယ်နှစ်ယောက်ကိုကြည့်ကာပြောလာသည်။

"လူနာကမစိုးရိမ်ရတော့ပါဘူး... ။ဒါပေမယ့် လူနာရဲ့ခြေထောက်ကထိခိုက်ထားတာကြောင့် လောလောဆယ်လမ်းချက်ချင်းလျှောက်နိုင်မှာမဟုတ်သေးဘူး"

" ဒေါက်တာ! ဒါဆို ကျွန်တော့်အစ်ကိုကဘယ်ချိန်ပြန်နိုးလာမှာလဲမသိဘူး"

အနက်ရောင်ဆံနွယ် ချစ်စရာကောင်းတဲ့မျက်နှာပိုင်ရှင်နဲ့ချိုမြိန်တဲ့အသံပိုင်ရှင်လူငယ်လေးဟာ ကုတင်ပေါ်ကလူနာကိုကြည့်ကာမေးလိုက်တယ်။ထိုလူငယ်ရဲ့လေသံဟာ ကုတင်ပေါ်ကလူနာအတွက်ဝမ်းနည်းနေပုံပေါ်ပေမယ့် သေချာသတိထားကြည့်ပါက လူငယ်လေးရဲ့မျက်ဝန်းတို့ကတော့ခံစားချက်ကင်းမဲ့လို့နေသည်..။

"သိပ်မကြာခင်တော့သတိရလာပါလိမ့်မယ်။ ခေါင်းထိထားတာကြောင့် ခဏမေ့မျောနေတာပါ"

"အာ ဟုတ်ကဲ့၊ကောင်းပါပြီ ကျေးဇူးပါ ဒေါက်တာ!"

"ဒါဆို ကျွန်တော်တို့သွားလိုက်ပါဦးမယ်။လူနာလှုပ်ရှားလာတာတွေ့ရင် ကျွန်တော့်ကိုအကြောင်းကြားပေးပါ"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

ထိုနောက် ဆရာဝန်နဲ့သူနာပြုဟာ အခန်းထဲမှထွက်သွားကြသည်။ကျန်နေခဲ့တဲ့လူနှစ်ယောက်ဟာ သူတို့နှစ်ဦးပဲရှိတော့တာသေချာမှ ခုနကလူငယ်ရဲ့ယဉ်ကျေးတဲ့အမူအရာဟာပျောက်ကွယ်သွားပြီး ဒေါသတကြီးပြောဆိုလို့လာသည်။

"ဘာလို့ပွဲချင်းပြီးမသေသွားရတာလဲ ! ငါကဘယ်ချိန်ထိသူမျက်နှာကြည့်ပြီးနေနေရဦးမှာလဲ!!"

"စိတ်ကိုလျှော့ထားပါ အချစ်ရယ်"

ထိုသို့ပြောနေတဲ့လူနှစ်ယောက်ရဲ့နာမည်ဟာတော့ တုန်းလင်နဲ့လီမင်ပဲဖြစ်တယ်။

တုန်းလင်ဟာ သူ့ချစ်သူလေးရဲ့ဒေါသထွက်နေတဲ့မျက်နှာလေးကိုကြည့်ပြီး အသည်းယားကာ ခါးမှဆွဲပြီးရင်ခွင်ထဲထည့်လိုက်တယ်။ထိုနောက် ကျောပြင်လေးကိုပွတ်သပ်ပေးလိုက်ကာ..

System Ah Li(Real Life)✔Donde viven las historias. Descúbrelo ahora