အတွေးများနှင့်နူတ်ဆက်ခြင်း

161 26 11
                                    

Zawgyi............

^^Note^^
သီချင်းလေးနားထောင်ပြီးဖတ်ချင်ရင်
One Directionရဲ့
Hey Angelလေးနားထောင်ပါ💗

ပြက္ခဒိန်မှ ရက်များတစ်ရက်ပြီးတစ်ရက်
ပြောင်းလဲသွားသည်။
Tyunningတို့ လက်ထပ်မည့်နေ့သို့ရောက်ရန်လည်းသိပ်မလိုတော့ပါ။
ကျွန်တော်သည်လည်း မျှော်ကိုးခွင့်လေး၏
ကော်ဖီဆိုင်သို့ အလာမပျက်ပါ.......
တစ်ရက် ကျွန်တော်ပဲကံကောင်းတာလား
တိုက်ဆိုင်တာလားမသိပါ။
အလုပ်ထဲတွင် ကျွန်တော်ရာထူးတိုးသဖြင့် ဘူဆန်အခြေစိုက်ရုံးတွင် မန်နေဂျာချုပ်ရာထူးဖြင့်တာဝန်ထမ်းဆောင်ရန် လွှဲအပ်ခြင်းခံရ၏။
ဤသိုဖြင့် သိမ်းစရာရှိသည်များကို သိမ်း၍ ထုပ်ပိုးစရာများကို ထုပ်ပိုးထားရ၏။
ရင်ထဲတွင်တော့ ဝမ်းနည်းတာလိုလိုဝမ်းသာတာလိုလို
နှင့် ခံစားချက်တွေရောထွေးနေ၏။
မျှော်ကိုးခွင့်လေးအား မတွေ့ရတော့ဘူးတွေးမိပြန်တော့လည်း ရင်ဘတ်ထဲကနေဆစ်ကနဲတစ်ချက်နာ၏။သိုပေမယ့် သူ့ဘဝလေးနဲ့သူဖြစ်တော့မည်ဖြစ်၍ ဝမ်းသာမိပြန်၏။

ကျွန်တော်ဘူဆန်ပြောင်းရမည့်အကြောင်းကို Tyunningတို့စုံတွဲအားအသိပေးရ
မည်ဟုတွေးကာ "Love is anywhere cafe"ဆိုင်လေးသို့ ထွက်လာခဲ့၏။

ဆိုင်တံခါးဖွင့်ဝင်ဝင်ခြင်း တွေ့လိုက်ရသော
Tyunning momentကြောင့် ခဏတာငေးကြည့်မိ၏။
"Hyuka ငါပန်းကန်တွေဆေးလိုက်မယ် ထားလိုက်လို့ မင်းပင်ပန်းနေမယ်
ပန်းကန်တွေလည်းဆေးရ ကော်ဖီဖျော်ပေးရနဲ့မဟုတ်သေးဘူးလေ"

"ရပါတယ်Tyunရာ မင်းသာအဲ့အတိုင်းလေးထိုင်နေ ဘယ်လောက်ပင်ပန်းပင်ပန်း မင်းကိုမြင်ရရင် အမောပြေတယ် ငါ့ရဲ့အမောပြေဆေးလေးTyunက"ဟုပျားရည်အပေါ်သကာလောင်းထားသောပြုံးချိုချိုမျက်နှာထားနှင့်
ပြန်ပြောလိုက်သော Hueningလေး

"အမလေး Hyukaတို့စကားတွေတတ်နေလိုက်တာများ"ဆိုပြီး မျက်စောင်းလှလှလေးထိုး၍Tyunက
ပြန်ပြော၏။

"ပန်းကန်တွေဆေးပြီးပြီနော် Tyun"

"ဒီလောက်အလိုက်သိတဲ့ငါ့ကောင်လေးလာပါအုံး ချစ်လို့ချွေးတွေသုတ်ပေးပါရစေ"လို့
Taehyunမှပြောသဖြင့် Hueningလည်း
Taehyunအနားသွား၏။

မြတ်နိုးလွန်း၍ငေးကြည့်နေဖို့ကိုသာရွေးချယ်ခဲ့သည်Where stories live. Discover now