အပြာရောင်မြင်မြင်ခြင်းအချစ်.....

144 24 6
                                    

ကားတွေ လူတွေနှင့်ပြည့်နှက်နေသောလမ်းမကြီးထက်တွင် ကောင်လေးတစ်ယောက်က ကောင်လေးတစ်ယောက်လက်ကိုဆွဲကာ တစ်နေရာသို့သွားနေတာကို
သေချာကြည့်ရင်သတိထားမိမည်ဖြစ်၏။
ဒီကောင်လေးနှစ်ယောက်ဘယ်သို့သွားကြသနည်း......

ကျွန်တော်ဦးဆောင်ရာကိုပဲအများဆုံးလိုက်တဲ့Tyunဟာ
ဒီနေ့တော့ ကျွန်တော်လက်ကိုဆွဲကာ ဦးဆောင်သွားနေသောကြောင့် Hueningတစ်ယောက်ပျော်နေမိ၏။
Tyunကလေ ကျွန်တော်ကိုအရမ်းချစ်ပေမယ့် သူခံစားချက်တွေကိုထုတ်ပြခဲတဲ့သူတစ်ယောက်ပါ။
ဒီနေ့တော့ Tyunတစ်ယောက်ဘာတွေ်စီစဉ်ထားလည်းမသိပါ။သူသွားရာနောက်ကိုသာကျွန်တော်လိုက်ရ၏။မေးရင်လည်းမဖြေပါ ရောက်ရင်သိမှာပေါ့ဟုသာပြန်ဖြေ၏။
ကျွန်တော်လည်း အတွေးစကိုဖြတ်ကာ ဘေးဘီဝဲယာကို ကြည့်မိတော့Tyunသွားနေတဲ့နေရာက နမ်ဆန်းမျှော်စင်ဖြစ်နေ၏။
ကျွန်တော်တို့လည်း မျှော်စင်ပေါ်ရောက်တော့
Tyunက စကားစလာ၏။

"Hyuka မင်းFirst sight loveဆိုတာယုံလား"
ကျွန်တော်လည်း"ယုံတယ်"ဟုပြန်ဖြေလိုက်၏။

Tyunမှဆက်၍မေးပြန်၏။
"Hyuka မင်းဒီနေရာကို နောက်ဆုံးရောက်တာဘယ်တုန်းကလည်း"ဟုမေး၏။

ကျွန်တော်လည်း
"ငါ့အမရယ်ညီမလေးနဲ့vlogရိုက်ဖို့လာတာ နောက်ဆုံးပဲ လွန်ခဲ့တဲ့၂နှစ်လောက်ကလားမသိဘူး"

"Tyunက ဘာလုပ်ဖို့မေးတာလဲ။" ကျွန်တော်၏အမေးကို
Tyunကအနူးညံဆုံးပြုံးပြပြီး ချိုသာစွာပြန်ဖြေ၏။

"Hyuka မင်းသိလား
မင်းစိတ်ထဲမှာ မင်းကငါ့ကိုအရင်တွေ့ခဲ့တယ်
အရင်ချစ်ခဲ့တာလ်ို့ထင်နေတာမလား"

"အဲ့ဒါအမှန်ပဲလေ Tyunရ"ဟု
ကျွန်တော်ပြောပြီးနောက်
Tyunကခေါင်းလေးယမ်းကာ ပြန်ပြော၏။

"မင်းကိုငါက အရင်တွေ့ခဲ့သလို အရင်သဘောကျခဲ့တာပါ မင်းအံ့ဩသွားတယ်မလား
ဆက်ပြောပြမယ်နားထောင်
ငါရဲ့အနာဂတ်ကကောင်လေးကို ဒီမျှော်စင်ကြီးပေါ်မှာပဲ လွန်ခဲတဲ့၂နှစ်ကတွေ့ခဲ့တာ
အဲ့ကောင်လေးက ပိစိလေးရှိသေးတာ အဲ့တုန်းက ငါ့ထက်တောင်အရပ်ပုပြီးသေးသေးလေး ပြီးတော့ပြောသေးတာ သူ့အမတွေကို မမရေ တိမ်လေးတွေက cotton candyနဲ့တူတယ်နော်တဲ့"အဲ့ကောင်လေးကိုမြင်တော့လေ မြင်မြင်ချင်းသဘောကျသွားတာ နောက်တော့ဒီကောင်လေးက ငါ့ကိုရှာတွေ့သွားပြီး အခုတော့ ငါ့ဘေးနားမှအမြဲရှိတဲ့ကောင်လေးဖြစ်လာတော့တာပဲ"ဟု Tyunကပြော၏။

မြတ်နိုးလွန်း၍ငေးကြည့်နေဖို့ကိုသာရွေးချယ်ခဲ့သည်Where stories live. Discover now