Zawgyi.......
ကျွန်တော်ရဲ့မနက်ခင်းတစ်ခုကို နွေးထွေးလှတဲ့နေရောင်ခြည်ရယ် ငှက်ကလေးတွေရဲ့ကျီကျီကျာကျာ
အော်သံလေးတွေနဲ့ အစပြုခဲ့တယ်....အင်း ဒီနေ့က ဟုတ်တာပေါ့ ......
ဒီနေ့ကကျွန်တော်မျှော်ကိုးခွင့်လေးရဲ့weddingနေ့ပဲ။
မင်္ဂလာအချိန်က ၉နာရီစမှာဖြစ်သဖြင့် ကျွန်တော့်ပြင်ဆင်စရာရှိသည်များကို
ပြင်ဆင်နေ၏။ထိုအချိန် ကျွန်တော်ထံဖုန်းဝင်လာ၏။
"ဟယ်လို အကိုSoobin"တစ်ဖက်မှ ဟျူးနင်းအသံကိုကြားတော့
ကျွန်တော်လည်း
" အေး ဟျူးနင်းပြော""အကို ကျွန်တော်ကို
ဘုရားကျောင်းလိုက်ပို့ပေးလို့ရမလား ကျွန်တော်အရေးကြီးနေလို့ ""မင်းက Taehyuနဲ့အတူလာမှာမဟုတ်ဘူးလား"လို့ကျွန်တော်မေးတော့
ဟျူးနင်းမှ
"ကျွန်တော်ကြိုတင်လုပ်စရာလေးရှိလို့ပါ အဲ့တာအကို ကျွန်တော်ကို
လာခေါ်ပြီးစောသွားလို့ရမလားလို့
မေးကြည့်တာပါ"ကျွန်တော်လည်း "ရတယ်လေ အဲ့တာဆိုရင်အကို အခုချက်ချင်းဟျူးနင်းဆီလာခဲ့မယ်
စောင့်နေ"လို့ပြောပြီး ဖုန်းချလိုက်၏။ကျွန်တော်လည်း ရေမိုးချိုးကာ
အနောက်တိုင်းsuitကို necktieတပ်ဆင်ကွာဲဝတ်လိုက်ခြင်းဖြင့် ကျွန်တော်၏ဝတ်စားဆင်ယင်မူ
အပိုင်းပြီးသွား၏။ဆွတ်နေကျ lavendarအနံ့သင်းသောရေမွှေးကိုစွတ်၍ ခေါင်းကိုလည်းhair sparyဖြန်းကာခေါင်းဖြီးဖြင့်
ဆံပင်တွေကိုပုံသွင်းဖြီးလိုက်၏။
ထို့နောက်မှန်ထဲမှ ချောမောလှသောကိုယ့်ကိုကိုယ်
ပြန်ကြည့်၍ ကားသော့ယူကာ အိမ်အပြင်သို့ထွက်လာလိုက်သည်။ကျွန်တော်လည်း
ကားပေါ်တက်ကာစက်နိုး၍
Hueningဆီသို့မောင်းသွားလိုက်၏။
အိမ်ရှေ့တွင်စောင့်နေသော သတို့သားဝတ်စုံ
ဖြူဖြူလေးနှင့် Disneyထဲကမင်းသားလေးကဲ့သ်ို့
ချောမောလှသော ကျွန်တော်မြတ်နိုးခွင့်လေးကိုတွေ့ရ၏ဟျူးနင်းက
"ဟာ အကိုဆူဘင်းရောက်လာပြီလား"ဆိုပြီး နူတ်ဆက်ကာ ကျွန်တော်ဘေးတွင် ဝင်ထိုင်၏။
YOU ARE READING
မြတ်နိုးလွန်း၍ငေးကြည့်နေဖို့ကိုသာရွေးချယ်ခဲ့သည်
Fanfiction*ရယူပိုင်ဆိုင်လိုစိတ်နဲ့မစတင်ခဲ့တဲ့ အချစ်ဟာအေးချမ်းပါတယ်..... ခံစားရရင်တောင် ကိုယ်တစ်ယောက်တည်းပဲ ခံစားရမယ်လေ ကိုယ့်ချစ်တဲ့သူတော့ မခံစားရစေပါဘူး...... ကိုယ့်ချစ်ရတဲ့သူက တခြားတစ်ယောက် အပိုင်ဖြစ်သွားခဲ့ရင်တောင် အဝေးကနေမြတ်နိုးလို့ရပါသေးတယ်ဆိုတာလေး သိ...