Zawgyi........
Soobinတစ်ယောက်
ဆိုင်အပြင်ရောက်သောအခါ ကော်ဖီဆိုင်လေးကိုလှမ်းကြည့်၍
မျှော်ကိုးခွင့်လေးရှိနေတော့ ခဏခဏလာရတော့မယ်လို့
တိုးတိုးလေးပြောလိုက်မိ၏။
ထို့နေ့မှစ၍ Soobinတစ်ယောက်
"Love is Anywhere cafe"ဆိုတဲ့
ကော်ဖီဆိုင်လေးသို့ တစ်နေ့တစ်ခါတော့
ပုံမှန်လာဖြစ်လေသည်။
ကောင်တာသို့သွားပြီကော်ဖီမှာတဲ့ အချိန်
"အော် အကိုလာပြီလား
ဘာလေးသောက်မလ"ဲဆိုပြီးပြုံးပြပြီးမေးတဲ့ကောင်လေးကလည်း
ဘယ်အချိန်နေနေ ချစ်စရာကောင်းလိုက်တဲ့ကလေးလေးအတိုင်းပါပဲလား....
ထိုဆိုင်လေးသို့ Laptopယူ၍
အလုပ်လုပ်ရင်းဖြစ်စေ
စာအုပ်ဖတ်ရင်းဖြစ်စေ
မျှော်ကိုးခွင့်လေးကို ခိုးကြည့်မိ၏။
နွေ မိုး ဆောင်းရာသီတွေသာ
ပြောင်းသွားသည်။မပြောင်းလဲသည်က Soobinတစ်ယောက် ဒီဆိုင်လေးကိုလာ၍
ဒီကောင်လေးကိုတနေရာကနေ
ငေးကြည့်မိသည်ကတော့မပြောင်းလဲသွားပါ။
တခါတလေတွေးမိ၏ သဘောကျနေရင်လည်း
သဘောကျတဲ့အကြောင်းဖွင့်ပြောဖို့ရာ သို့ပေမယ့်လည်း ဒီအတိုင်းလေးငေးကြည့်ရတာကိုပဲနှစ်သက်မြတ်နိုးမိ၏။
ဖွင့်ပြောဖို့သတ္တိကလည်းမရှိပါ😅
ကောင်လေးက မထိရက်စရာ
သက်ရှိပန်းပုရုပ်လေးအတိုင်း
ချောမောပြေပြစ်သလို နူးညံ့မူတွေကိုရော
ဖန်ဆင်းရှင်က အပိုဆုအနေနဲ့
ပေးထားသေးတာ......
ဒါကြောင့်ဒီကောင်လေးကို
မပိုင်ဆိုင်ရရင်တောင် ငေးကြည့်နေရရုံနဲ့တင်
ပြည့်စုံပြီလို့တွေးထားမိ၏။
ဒီတော့ ဒီအတိုင်းမျှော်ကိုးခွင့်လေးကို
ငေးကြည့်ရုံအပြင်အခြားမရှိပေါ့......
တစ်နေ့တော့
"အကို ဒီနေ့ကျွန်တော်ကော်ဖီဖိုးမယူတော့ဘူး မင်္ဂလာပွဲအကြိုဧည့်ခံတာဆိုပြီး
သဘောထားလိုက်ပါလို့
ပြော၏။"
အံ့ဩမူတွေကိုမချုပ်တည်းနိုင်တော့ပဲ
"ဟယ် ဟုတ်လား" ဆိုတဲ့ အာမေဋိတ်စကားလုံးတစ်ခုအပြင်သို့ထွက်ကျသွားလေသည်။
ကောင်လေးကတော့ ရယ်လျက်
"ဟုတ်တယ် အကို
အကိုကလည်းအလုပ်တွေရှုပ်နေတော့
ဒီအတိုင်းမပြောဖြစ်တာ
ဒီမှာ ဖိတ်စာနော်အကို
ကျွန်တော်မင်္ဂလာဆောင်လာရမယ်နော်"
လို့ပြောလေသည်။
ဖိတ်စာလှလှလေးကိုကြည့်ကာ
"အင်းပါ လာရမှာပေါ့" လို့ပြောပြီး
ဟန်မပျက်ကော်ဖီခွက်လေးကိုင်လျက်
ထိုင်နေကျနေရာသို့သွားဖို့ခြေလှမ်းပြင်သောအခါ
ကောင်လေးက ဆိုင်တံခါးပေါက်ကိုကြည့်၍
"အော် Tyunလာပြီလားဆိုပြီး အပြုံးလှလှလေးများနှင့်ကြိုဆို၏။"
ထိုမျက်လုံးဝိုင်းဝိုင်းနှာတံချွန်ချွန်နှင့်
ချောမောပြေပြစ်လှသည့်
Tyunဆိုသည့်ကောင်လေးသည် ကျွန်တော်၏မျှော်ကိုးခွင့်ဆီလာနေလေ၏။မျှော်ကိုးခွင့်လေးသည် သူ့အနားTyunဆိုတဲ့ကောင်လေး
ရောက်လာသောအခါ သူ့အား ဝမ်းသာအားရမိတ်ဆက်ပေး၏။
"အကို သူကKang Taehyunတဲ့ ကျွန်တော်နဲ့လက်ထပ်မယ့်ကောင်လေးပါ"
"ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်"လို့
ပြန်ပြော၍ ကျွန်တော်ထိုင်နေကျနေရာလေးသို့
သွားမိ၏။
ကိုယ့်ရဲ့တစ်ဦးတည်းသောမျှော်ကိုးခွင့်လေးကို ငေးကြည့်နေမိ၏။
ကောင်လေးကTyunဆိုတဲ့
ကောင်လေးကို ချစ်လိုက်တာများ ဘေးကကြည့်နေတဲ့ကျွန်တော်တောင် အမြင်ကတ်မိ၏။
ဒါပေမယ့် မျှော်ကိုးခွင့်လေး
ပျော်ရွှင်နေတာမြင်တော့ ကျွန်တော်ဆီပါအပျော်တွေ
ကူးစက်လာသလိုခံစားရ၏။
ကော်ဖီသောက်ပြီး၍ Tyunningတို့စုံတွဲအားနူတ်ဆက်၍ အိမ်ပြန်ခဲ့လေသည်။
အိမ်ပြန်ရောက်တော့
ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်၍
ဒီကောင်လေးကို ချစ်ခဲ့တာ
ပိုင်ဆိုင်လိုစိတ်မရှိတဲ့အတွက်
သူကငါရဲ့မျှော်ကိုးခွင့်လေးပဲဖြစ်နေမှာ.
ပြီးတော့ ဒီကောင်လေးမင်္ဂလာဆောင်ကိုသွားကိုသွားရမယ် ဒါမှဒီကောင်လေးရဲ့
အပျော်ဆုံးအချိန်မှာ
ငါလည်းရှိနေခဲ့တယ်ဆိုတဲ့
အမှတ်တရလေးငါ့ဆီမှာကျန်နေမှာ
ဖြစ်သလို ဒီကောင်လေးရဲ့နူးနူးညံ့ညံ့အပြုံးလေးတွေကိုလည်းငေးနိုင်မယ်လေ
အားရပါးရရယ်သံလေးတွေကပါ
အဆစ်အနေနဲ့ကြားရအုံးမယ်
ကော်ဖီဆိုင်လေးကိုတော့
ဟန်မပျက်၂လလောက်တော့ သွားရမှာပေါ့
နောက်မှ မုသားသုံး၍
အလုပ်ကရုံးရွေ့သွားသဖြင့်
အိမ်ပြောင်းရမည်ဟုပြောကာ အပြီးနူတ်ဆက်ရမည်ပေါ့....
ဒါမှမျှော်ကိုးခွင့်လေး
ဘာမှသတိမထားမိပဲ
ပုံမှန်အတိုင်းလိုပဲဖြစ်မှာ......
ကိုယ့်ကိုကိုယ် ပြန်ဆုံးမကာ
စိတ်ကိုလျော့၍ အစကတည်းက
ပိုင်ဆိုင်ခွင့်မရှိတဲ့လူတစ်ယောက်ကို
သဘောကျခဲ့တဲ့အတွက် နောင်တရမိတာ
မရှိသလို ဒီကောင်လေးကြောင့်ရရှိခဲ့တဲ့
ပျော်ရွှင်မူတွေအတွက်
ကျေးဇူးတင်ပါတယ်
မျှော်ကိုးခွင့်လေးရေလို့
တီးတိုးရေရွတ်၍ မျက်လုံးတွေမှိတ်ကာ
အိပ်လိုက်မိ၏။
မျက်ရည်ပူတွေစီးဆင်းသွားတာကတော့ Soobinတစ်ယောက်သိလေမလား
မသိချင်ယောင်ဆောင်ထားတာလား
ဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်မှ
သိလိမ့်မည်။..................
YOU ARE READING
မြတ်နိုးလွန်း၍ငေးကြည့်နေဖို့ကိုသာရွေးချယ်ခဲ့သည်
Fanfiction*ရယူပိုင်ဆိုင်လိုစိတ်နဲ့မစတင်ခဲ့တဲ့ အချစ်ဟာအေးချမ်းပါတယ်..... ခံစားရရင်တောင် ကိုယ်တစ်ယောက်တည်းပဲ ခံစားရမယ်လေ ကိုယ့်ချစ်တဲ့သူတော့ မခံစားရစေပါဘူး...... ကိုယ့်ချစ်ရတဲ့သူက တခြားတစ်ယောက် အပိုင်ဖြစ်သွားခဲ့ရင်တောင် အဝေးကနေမြတ်နိုးလို့ရပါသေးတယ်ဆိုတာလေး သိ...