Zawgyi.........
ကျွန်တော်ညက တော်တော်နဲ့အိပ်မပျော်၍ထင်သည် နိုးလာတဲ့အချိန် နာရီကိုကြည့်မိတော့ မနက်၁၀နာရီတောင်ထိုးနေပြီ။
ကျွန်တော်လည်း လေးပင်စွာနှင့်ထ၍ ရေချိုးခန်းထဲဝင်ကာကိုယ်လက်သန့်စင်လိုက်၏။
မနက်စာကိုလည်း လွယ်လွယ်ကူကူခေါက်ဆွဲ
ပြုတ်ကာစားလိုက်၏။ထို့နောက် ရုံးသို့ဖုန်းဆက်ရ၏။ဒီနေ့ကျွန်တော်ရုံးမတက်ဖြစ်သည့်အကြောင်းနှင့် ဘူဆန်သို့ပြောင်းရွေ့ရန်ပြင်ဆက်နေသည့်အကြောင်းကို အစီအရင်ခံ၍အလုပ်တစ်ရက်နားလိုက်၏။အလုပ်သို့မသွားသော်လည်း ကွန်ပျူတာတစ်လုံးဖြင့် ကျွန်တော်လွှဲပေးခဲ့ရမည့်စာရင်းများကိုသေချာပြန်စိစစ်ရ၏။ဘူဆန်ရုံးသို့ရောက်လျှင်ကျွန်တော်တာဝန်ယူရမည့် အပိုင်းကိုလည်းနားလည်အောင် ကျွန်တော်အခုကတည်းကလေ့လာထားမိ၏။
ဒီလိုအလုပ်များနေခြင်းကလည်း ကျွန်တော်အတွက်တစ်မျိုးကောင်း၏။မနေ့ညကအိပ်မက်ဆိုးမှရုန်းထွက်နိုင်သလိုထပ်မတွေးမိအောင်လည်း စွမ်းဆောင်ပေးနိုင်၏။ထို့ကြောင့်ကျွန်တော်အလုပ်ပဲဖိလုပ်လိုက်၏။ဘူဆန်သို့
ပြောင်းလျှင်ကျွန်တော်အတွက်နေထိုင်စရာအခန်းနေရာရှာရ၏။ဒါကလည်းသူငယ်ချင်းတစ်ယောက်အကူအညီဖြင့် အလုပ်နဲ့နီးသောနေရာတွင် ဈေးအသင့်အတင့်တိုက်ခန်းလေးတစ်ခုကိုငှားရမ်းလိုက်နိုင်၏။ကျွန်တော်ဘူဆန်အခြေစိုက်ရုံးကိုပြောင်းရွေ့ဖို့သိပ်မလိုတော့သလို ကျွန်တော်မျှော်ကိုးခွင့်လေးwedding dayလည်းနီးကပ်လာပြီဖြစ်သည်။အလုပ်တွေအားလုံးပြီးသွား၍ အတွေးတွေကဟိုရောက်ဒီရောက်နဲ့တွေးမိပြန်၏။အခုချိန်ကော်ဖီတခွက်လောက်သောက်ချင်ပေမယ့် မနေ့ညကအိပ်မက်ကြောင့် ကိုယ့်ကိုကိုယ်မလုံသဖြင့် မျှော်ကိုးခွင့်လေးကော်ဖီဆိုင်သို့ကျွန်တော်မသွားရဲဖြစ်နေ၏။ဒါပေမယ့်လည်း.င့်သွားရအုံးမည်။အကိုYeonjun
အင်း...အကိုYeonjunအကြောင်းစဉ်းစားမိပြန်တော့လည်း စတွေ့ကတည်းက ကျွန်တော်အပေါ်ဂရုတစိုက်ရှိလှတာကိုတွေ့၏။အကိုyeonjunမျက်လုံးများမှတစ်ဆင့် နွေးထွေးမူကိုကျွန်တော်ခံစားရ၏။မနေ့ညကဖုန်းဆက်တော့လည်း ကျွန်တော်တခုခုဖြစ်နေတာလားဆိုပြီးစိုးရိမ်နေသည့်စိတ်ရင်းကိုလည်းခံစားရ၏။ကျွန်တော်နဲ့အကိုYeonjunနဲ့တွေ့လျှင် စကားတွေအများကြီးမပြောဖြစ်ပေမယ့် အကိုyeonjun၏အပြုအမူသေးသေးလေးတွေကအစ ကျွန်တော်အတွက်တော့comfort zoneတစ်ခုလိုပဲခံစားရ၏။မျှော်ကိုးခွင့်လေးနဲ့ကျဒီလိုမဟုတ် ကျွန်တော်သဘောကျမြတ်နိုးရသူဖြစ်ပေမယ့် comfortမဖြစ်စေဘူး။ကျွန်တော်စကားပြောရင်း အမှားပါသွားမလားဘာညာနဲ့စိုးရိမ်မိ၏။ဘာပဲပြောပြော အကိုyeonjunနဲ့ခင်မင်ခွင့်ရတာကို ကျွန်တော်အတွက်ကံကောင်းခြင်းတစ်ခုပေါ့ဗျာ။
တူ....တူ....တူ...တူ...
ကျွန်တော်အတွေးများတုန်းရှိသေး ဖုန်းဝင်လာ၏။ဖုန်းပေါ်က contact numberကိုကြည့်လိုက်တော့ အကိုyeonjunဖြစ်နေသဖြင့် ကျွန်တော်ချက်ချင်းကိုင်လိုက်၏။
"ဟယ်လို Soobinရေ ဟျူးနင်းတို့ကော်ဖီဆိုင်အကိုရောက်နေပြီနော် မင်းအင်္ကျီပြန်ပေးဖို့"
"အော် ဟုတ်သားပဲ အကိုYeonjunရေ
ကျွန်တော်အလုပ်တွေရှုပ်ပြီးမေ့နေတာ ခဏတော့စောင့်ပေးနော် ကျွန်တော်အင်္ကျီလဲပြီးထွက်လာခဲ့ပြီ"
"အင်း အင်း အားရဲ့လား မအားရင်လည်းရတယ်လေ အိမ်လာပေးရမလား"
"ရတယ် အကိုရေ ကျွန်တော်အလုပ်ကအကုန်ပြီးပြီ ကျွန်တော်လာခဲ့မှာမို့ ခဏစောင့်ပေးနော်"
"ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုရင် အကိုကစောင့်နေမယ်နော်"
"ဟုတ် ဟုတ် ဒါဆိုရင် ဒါပဲနော် ကျွန်တော်ဖုန်းချလိုက်တော့မယ်"ဆိုပြီး ကျွန်တော်လည်းဖုန်းချကာ ရေချိုးခန်းထဲသို့ပြေးကာရေအမြန်ချိုးလိုက်၏။
YOU ARE READING
မြတ်နိုးလွန်း၍ငေးကြည့်နေဖို့ကိုသာရွေးချယ်ခဲ့သည်
Fanfiction*ရယူပိုင်ဆိုင်လိုစိတ်နဲ့မစတင်ခဲ့တဲ့ အချစ်ဟာအေးချမ်းပါတယ်..... ခံစားရရင်တောင် ကိုယ်တစ်ယောက်တည်းပဲ ခံစားရမယ်လေ ကိုယ့်ချစ်တဲ့သူတော့ မခံစားရစေပါဘူး...... ကိုယ့်ချစ်ရတဲ့သူက တခြားတစ်ယောက် အပိုင်ဖြစ်သွားခဲ့ရင်တောင် အဝေးကနေမြတ်နိုးလို့ရပါသေးတယ်ဆိုတာလေး သိ...