Zawgyi.......
ပင်လယ်ပြာပြာကို နောက်ခံထား၍
အဖြူနှင့်မိုးပြာရောင်ရောထားသောပန်းလှလှများ အရွက်များကိုတော့ကတ္တီပါစိမ်းရောင်နှင့်
ခင်းကျင်းပြင်ဆင်ထားသော မင်္ဂလာလျှောက်လမ်းလေးသည်အလွန်တရာလှပ၍စိတ်ကူးယဉ်ဆန်လှ၏။သတို့သားနှစ်ယောက် ကတိသစ္စာပြုဖို့အတွက်ပြင်ဆင်ထားသည်မှာလည်း ပိုးဖဲသားအဖြူနှင့်မိုးပြာရောင်ကိုသုံးကာအလှဆင်ထား၏။
ဘေးတစ်ဖက်တစ်ချက်က မင်္ဂလာဆောင်သို့လာရောက်ချီးမြှောက်ကြမည့်ဧည့်သည်အပေါင်းအတွက်လည်း ထိုင်ခုံများအားပိုးဖဲသားအဖြူနှင့်မိုးပြာရောင်ကိုပဲသုံးထား၏။အဝင်ဝတွင်ချိတ်ဆွဲထားသော
သတို့သားHuening Kai နှင့်
သတို့သားKang Taehyunတို့၏
ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲဆိုသည့်
စာတန်းလေးကိုလည်း မိုးပြာရောင်ပိုးဖဲသားပေါ်တွင်
အဖြူရောင်ချည်မျှင်ဖြင့် သေသေချာချာထိုးထွင်းထားသဖြင့် ကျက်သရေရှိလှ၏။
မြင်ရသူအပေါင်းအားကြည်နူးစေမိ၏။ကျွန်တော်အတွေးလွန်နေချိန် အကိုYeonjunမှ
"Soobinneရေ ဟိုမှာသတို့သားနှစ်ယောက်ဝင်လာပြီ ကြည့်လိုက်အုံး"ဆိုမှ ကျွန်တော်အတွေးစပြတ်ကာ အဝင်ဝကိုကြည့်မိ၏။အဖြူရောင်ဝတ်စုံကိုဆင်မြန်းထားတဲ့ သတို့သားလေးနှစ်ယောက်က ရင်ဘတ်တွင်လည်းheart shapeရင်ထိုးမိုးပြာရောင်လေးကိုလည်းတွယ်ထား၏။
မြင်ရသူအဖို့ အလွန်လိုက်ဖက်လွန်း၍ရူမဝကြည့်မဝနိုင်။အားလုံးနူတ်ဖျားမှလည်း နတ်သားလေးတွေအလားချော၍လိုက်ဖက်လွန်းလှသည်ဆိုတဲ့စကားသံတွေပဲ
ကြားရ၏။
တကယ်ပါဗျာ ကျွန်တော်မျှော်ကိုးခွင့်လေးက မထိရက်မကိုင်ရက်နိုင်အောင်လှပ၏။ဘေးကTaehyunနဲ့လည်းလိုက်ဖက်လိုက်၏။
နေနဲ့လ ရွှေနဲ့မြပေါ့ဗျာ။သင်းအုပ်ဆရာ၏ စကားသံကြားမှ ကျွန်တော်အတွေးထပ်လွန်နေမှန်းသိလိုက်ပြန်၏။
"သတို့သားHuening Kaiသည် သတို့သားKang Taehyunအား ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ အေးတူပူအမျှ ဘဝတစ်သက်လုံးချစ်ခင်မြတ်နိုးစွာဖြင့်ထာဝရလက်တွဲသွားပါမည် ဘယ်သောအခါမှလက်တွဲမဖြုတ်ပါ ဟု ကတိသစ္စာပြုနိုင်ပါသလား"
သင်းအုပ်ဆရာမေးစကားကို
YOU ARE READING
မြတ်နိုးလွန်း၍ငေးကြည့်နေဖို့ကိုသာရွေးချယ်ခဲ့သည်
Fanfiction*ရယူပိုင်ဆိုင်လိုစိတ်နဲ့မစတင်ခဲ့တဲ့ အချစ်ဟာအေးချမ်းပါတယ်..... ခံစားရရင်တောင် ကိုယ်တစ်ယောက်တည်းပဲ ခံစားရမယ်လေ ကိုယ့်ချစ်တဲ့သူတော့ မခံစားရစေပါဘူး...... ကိုယ့်ချစ်ရတဲ့သူက တခြားတစ်ယောက် အပိုင်ဖြစ်သွားခဲ့ရင်တောင် အဝေးကနေမြတ်နိုးလို့ရပါသေးတယ်ဆိုတာလေး သိ...