Zawgyi............
အချိန်တွေကတရွေ့ရွေ့နဲ့ကုန်တာမြန်လိုက်တာ ကံတရားကကျွန်တော်အတွက်
ပြစ်ဒဏ်သေးသေးလေးချမှတ်လိုက်သလိုပဲကျွန်တော်လည်းဘူဆန်ရုံးချုပ်ကိုပြောင်းရမည်က Tyunningတို့weddingပြီး နောက်နှစ်ရက်နေမှတဲ့.......
ဘာပဲပြောပြော အဆင်ပြေတာပေါ့
ကျွန်တော်ဘူဆန်ကနေ ဆိုးလ်ကိုတကူးတကလာစရာ
မလိုတော့ဘူးလေဗျာ....ဒီနေ့အလုပ်ပိတ်ရက်မိ
ကျွန်တော်အေးဆေးနားမယ်ဟု
ကြံနေကာမှ Taehyunဆီကဖုန်းဝင်လာ၏။
"အကိုSoobin ကျွန်တော်Taehyunပါ ဒီနေ့အကိုအားလားဟင်"
"အင်း အားပါတယ် ဘာလို့လဲ"ဟု ကျွန်တော်ပြန်မေးလိုက်၏။
Taehyunမှ
"ဟိုလေ အကို ကျွန်တော်နဲ့Hyuka
အပြင်ခဏလောက်သွားချင်လို့ပါ အဲ့တာဆိုင်စောင့်ခိုင်းချင်လို့ ရမလားလို့ လှမ်းမေးတာပါ"
ကျွန်တော်ကနေ
"မင်းတို့အတွဲက မဟုတ်သေးပါဘူး
မနက်ဖြန်သဘက်ခါဆိုရင်wedding
ရောက်တော့မှာကို အခုကdateသလိုပုံစံဆိုတော့ မကဲလွန်းဘူးလား "ဟု နောက်လိုက်၏။
"Hee😁အကိုဒါကြောင့် ရည်းစားမရှိတာ။
ရည်းစားရမှသိလိမ့်မယ်အကိုရေ ကျွန်တော်Hyukaကိုတစ်နေရာလိုက်ပို့ချင်လို့ပါ ကူညီပါနော် နော်လို့
အကိုတစ်ယောက်တည်းမဟုတ်ဘူး ကျွန်တော်အကိုဝမ်းကွဲကိုလည်းခေါ်ထားတယ် သူကကော်ဖီဖျော်ပေးလိမ့်မယ် အကိုကဒီအတိုင်းအဖော်အနေနဲ့
ဆိုင်ခဏထိုင်စောင့်ပေးရုံပဲ ရတယ်မလားလို့"Taehyunမှ အသံသေးလေးနှင့်ပြောသဖြင့် ကျွန်တော်လည်း
"အေးပါကွာ ငါအခုလာခဲ့မယ် မင်းတို့ဆိုင်ကို ခဏစောင့်"ဟု ပြန်ပြောကာ ဖုန်းချလိုက်၏။
အပေါ်လက်ရှည်ကောက်ဝတ်ကာ
ကော်ဖီဆိုင်လေးသို့ထွက်လာခဲ့၏။တစ်ဖက်တွင်လည်းHueningမှ
"Tyunရာ ဘယ်ကိုသွားမှာမလို့ ဒီလောက်လောနေရတာလဲ
အကိုyeonjunကို အားနာစရာကြီး ပြီးတော့အကိုSoobinကိုရောပဲ""Hyukaရာ အကိုyeonjunတောင်ရောက်လာပြီ မင်း ငါခေါ်ရာကိုငြိမ်ငြိမ်လေးလိုက်ခဲ့စမ်းပါ"ဟုTaehyunမှပြန်ပြော၏။
Yeonjunမှလည်း
"Hueningရာ အကိုကရပါတယ် ဒီရှဥ့်ပေါက်စကိုသာ
စိတ်ချမ်းသာအောင်ထားလိုက်စမ်းပါ"
ဟု ပြော၏။
Hueningတစ်ယောက်လည်း
Tyunပြောသမျှနာခံရုံပဲရှိတော့သည်။
ချစ်တော့လည်း အလိုလိုက်ရတော့ပေါ့ဟု ကိုယ့်ဘာသာကိုယ်တွေး၍ပြုံးမိ၏။
YOU ARE READING
မြတ်နိုးလွန်း၍ငေးကြည့်နေဖို့ကိုသာရွေးချယ်ခဲ့သည်
Fiksi Penggemar*ရယူပိုင်ဆိုင်လိုစိတ်နဲ့မစတင်ခဲ့တဲ့ အချစ်ဟာအေးချမ်းပါတယ်..... ခံစားရရင်တောင် ကိုယ်တစ်ယောက်တည်းပဲ ခံစားရမယ်လေ ကိုယ့်ချစ်တဲ့သူတော့ မခံစားရစေပါဘူး...... ကိုယ့်ချစ်ရတဲ့သူက တခြားတစ်ယောက် အပိုင်ဖြစ်သွားခဲ့ရင်တောင် အဝေးကနေမြတ်နိုးလို့ရပါသေးတယ်ဆိုတာလေး သိ...