☘︎ 1 ☘︎

4.4K 377 65
                                    

Unicode
________

မခမ်းနားပေမယ့် ေမတ္တာတွေနဲ့ ထုံမွှမ်းထားတဲ့ ကိုယ့်ကမ္ဘာလေးထဲ နွေဦးရဲ့ လေပြေတွေနဲ့အတူ အချစ်တွေသယ်ဆောင် လာပေးပါ...အစ်ကို။

🍂⊰ 🍂 ⊰ 🍂

"ဟူး ပူလိုက်တာကွာ။စိတ်ပျက်စရာပဲ"

ကားပေါ်က ဆင်းဆင်းချင်း ခြေချလိုက်တာနဲ့ ခြေဖဝါးနှစ်ဖက်လုံး ပူခြစ်သွားတာများ။ဖိနပ်တစ်စုံသာ မကယ်ရင် ကင်ပြီးသားဖြစ်မှာ အသေအချာ။

အရှေ့အနောက် ၊ ဘေးပတ်လည်ကြည့်မိပြန်တော့လည်း လူသံသူသံ ဘာမှမကြားရ။ယုတ်စွအဆုံး ဘေးက ဖြတ်သွားတဲ့ခွေးကတောင် ကိုယ့်ကိုအဖက်မလုပ်။ညှို့မှိုင်းနေတဲ့ အပင်တွေရယ်၊လယ်ကွင်းတွေရယ်၊ခပ်ပျပျ မြင်နေရတဲ့ တောင်မြင့်မြင့်တစ်ချို့ရယ်ပဲရှိသည်။

"အဘိုးကတော့ တောထဲတောင်ထဲခေါ်ပြီး နှိပ်စက်ပြီနဲ့တူတယ်"

ဆော့ဂျင် ပါလာတဲ့ ကျောပိုးအိတ်ကို ပိုက်ပြီး ယောင်လည်လည်လုပ်နေတုန်း စက်ဘီးသံ တချောက်ချောက်ကြားလိုက်ရသည်။

ရွယ်တူ ထင်ရလောက်တဲ့ ကောင်လေးတစ်ယောက် စက်ဘီးကို သူ့ထံ ဦးတည်နင်းလာကာ အနားရောက်တော့ ဖျတ်ကနဲ ဘရိတ်အုပ်သည်။

"အဘိုး မြေးလား"

ဦးထုပ်အဝိုင်းပြားကို ဆောင်းထားတဲ့ ထိုကောင်လေးက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ခပ်တည်တည်နှင့် မေးတော့ သူကလည်း ဘုဆတ်ဆတ်ပဲ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် "

"ဟုတ်တယ်ဆို တက်.."

'တက် ' ဟုဆိုကာ ဆော့ဂျင်လက်ထဲက ကျောပိုးအိတ်ကို အတင်းလုယူပြီး စက်ဘီးဂိုက်မှာ ဟိုဘက်ဒီဘက် လျှိုပြီးချိတ်လိုက်ပြီး နောက်က ကယ်ရီယာခုံပေါ် လက်နှင့်ပုတ်ပြသည်။

"What? ငါက ဒီစက်ဘီးကို စီးရမယ် ဟုတ်လား?အဟား ရယ်စရာပဲ"

ခါးထောက်ပြီး အရယ်တစ်ဝက်နဲ့မယုံသလို မေးနေတဲ့ဆော့ဂျင်ကို ကောင်လေးက အမြင်ကပ်ကပ်နဲ့ပြန်ကြည့်သည်။

"အဲ့ဒါဆိုလည်း လမ်းလျှောက်လိုက်လာခဲ့"

သိပ်စိတ်ရှည်ပုံမရသော ထိုကောင်စုတ်လေးက သူ့အဖြေကိုပင်မစောင့်တော့ဘဲ စက်ဘီးပေါ် တက်ပြီးသား။နင်းသီးတွေပေါ် ခြေထောက်တင်ထားကာ တကယ်သွားတော့မည့်ပုံ။

𝐒𝐏𝐑𝐈𝐍𝐆 𝐁𝐑𝐄𝐄𝐙𝐄 ║𝐉𝐢𝐧𝐤𝐨𝐨𝐤 ✓Where stories live. Discover now