☘︎ 4 ☘︎

1.7K 312 101
                                    

Unicode
_______

"အစောကြီး နိုးနေတာလား"

အရင်နေ့တွေကလိုပဲ ရှပ်အကျီအညိုရောင်အကွက်ကို ကြယ်သီးတစ်လုံးဖြုတ်ပြီး ဝတ်ထားတဲ့ကောင်လေး။ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်က အထူးပြုပြင်နေစရာမလို။ဆွဲဆောင်မှုတစ်မျိုးရှိပြီး ကြည့်ကောင်းလွန်းတယ်။

"နိုးတာကြာပေါ့။သစ်ခွပင်တွေ ပြုပြင်နေတာ"

အိမ်ရှေ့က ဝါးလုံးတန်းစင်လေးမှာ တွဲလျားကျနေတဲ့ လေးထောင့်ပုံစံ သစ်သားခွက်ကလေးတွေက အရွယ်တူပုံစံတူ။လေတစ်ချက်တိုက်တိုင်း လှုပ်တုပ်,လှုပ်တုပ်နဲ့။

ဘယ်ဘက်ခြမ်းကနေ စ ရေရင် ပန်းရောင်၊အပြာရောင်၊အစိမ်းနုရောင်၊အဝါရောင်။

အင်း...အရောင်စုံပါပဲ။

အလယ်ဝတ်ဆံအဝါနုကိုမှ မိတ်ကပ်ရောင်ပွင့်ဖတ်လေးတွေဝန်းရံထားသည့် အပွင့်တွေရှိသလို နို့စိမ်းရောင်အပွင့်လေးတွေလည်း ရှိသည်။ပန်းရောင်ပွင့်ဖတ်တွေပေါ်မှာ အညိုရောင်အစက်အပြောက်တွေနဲ့ သစ်ခွတွေကျပြန်တော့လည်း အရုပ်ဆိုးအကျည်းတန်မသွား။အလှကိုယ်စီရှိကြပြန်သည်။

ခရမ်းရောင်သစ်ခွပွင့်တွေ ကျပြန်တော့လည်း ဒဏ္ဍာရီပုံပြင်ထဲကလို တော်ဝင်ဆန်မှုအပြည့်နှင့်။

"လှလိုက်တာနော်"

ရောင်စုံဂါဝန်တွေနဲ့ က,တော့မည့် မိန်းမပျိုလေးတွေမျိုး မနက်ခင်းရဲ့ နုပျိုခြင်းကို ရုပ်လုံးကြွစေသည်။အရွက်စိမ်းတွေပေါ်မှာတော့ အခုမှလောလောလတ် ဖြန်းထားတဲ့ ရေသီးရေပေါက်လေးတွေက ခိုတွဲလို့။

ဆော့ဂျင် အငြိမ်မနေနိုင်ပြန်။အပင်တွေကြားထဲ ဝင်ပြီးစပ်စုပြန်သည်။

"ဘယ်လိုလုပ်ရတာလဲ။ငါကူလုပ်ပေးရမလား"

ကပ်ကြေးတစ်လက်နဲ့ အလုပ်ရှုပ်နေတဲ့ ကောင်လေးက ဒီတစ်ခါတော့မျက်လုံးစွေကြည့်သည်။ထို့နောက်အပင်တွေကိုပဲ အာရုံစိုက်ကာ ကတ်ကြေးအသွားကြားက သစ်ခွအမြစ်တွေကို တိကနဲနေအောင်ဖြတ်ချသည်။

"ဒီမှာလေ...ဒီလိုအမြစ်ဆွေးတွေကို ဖြတ်ပစ်ရတယ်။နို့မို့ဆို ပိုးကျပြီးတစ်ပင်လုံး သေမှာ"

𝐒𝐏𝐑𝐈𝐍𝐆 𝐁𝐑𝐄𝐄𝐙𝐄 ║𝐉𝐢𝐧𝐤𝐨𝐨𝐤 ✓Where stories live. Discover now