☘︎ Ending ☘︎

2.6K 289 178
                                    

Unicode
_______

"ငါ ပြန်ရောက်ပြီ ကု"

"အစ်ကို..."

ပိတ်ထားသည့် လက်ဖဝါးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ခွာပေးပြီး မျက်နှာချင်းဖြစ်အောင် ဆွဲလှည့်လိုက်သည်။

"ဘာကြည့်နေတာလဲ...ငါ့ကိုမမှတ်မိဘူးလား"

မျက်လုံးဝိုင်းဝိုင်းလေးတွေက မျက်တောင်ခတ်ဖို့ မေ့လျော့လောက်အောင်အထိ အချိန်အတော်ကြာ ကြည့်နေသည်။ဆော့ဂျင် စိတ်မရှည်တော့ဘဲ ဆွဲဖက်မလို့ ဟန်ပြင်လိုက်တော့ ကောင်လေးက ရုတ်တရက် တွန်းထုတ်ပြီး ထွက်ပြေးသည်။

"မလာနဲ့ "

"ဘာဖြစ်တာလဲ "

ဆော့ဂျင် မယုံနိုင်အောင်ဖြစ်သွားရကာ ဂျောင်ကုတွန်းထုတ်လိုက်သော ကိုယ့်လက်နှစ်ဖက်ကို ပြန်ကြည့်နေမိသည်။

ဘာကြောင့်များ စိတ်ဆိုးသွားရသလဲ ဟုတွေးရင်း ရင်ပူရင်ဆာမိလာသည်။ဒီအတောအတွင်း ဘာတွေများ အမှားလုပ်မိခဲ့ပါလိမ့်ပေါ့။

"ဟီး....အီး..."

ဟဲ့ ပလုတ်တုတ်။

ဘယ်ဆီက လာမှန်းမသိတဲ့ ငိုသံကြောင့် ေကျာထဲ စိမ့်ကနဲ။အသေအချာကြည့်လိုက်တော့မှ သကောင့်သားလေးက ဟိုဖက်က သခွားခင်းအစပ်မှာ သွားထိုင်ပြီး ငိုနေတာ။

ငိုတော့လည်း ချော့ရမပေါ့။စိတ်ဆိုးစိတ်ခုစရာ မရှိဘဲ သဲကြီးမဲကြီး ငိုနေပုံကို ဆော့ဂျင် နားမလည်။

"ဂျွန်ဂျောင်ကုရယ်...ဘာဖြစ်လို့ ငိုနေရတာလဲ "

"ဟီး..."

"တိတ်စမ်းကွာ။ကလေးလည်း မဟုတ်ဘူး "

"တစ်နှစ်ကြီးတောင် စောင့်နေရတာ။လွမ်းလွန်းလို့ သေတော့မယ် သိလား။အစ်ကို ပြန်လာမယ့်ရက်တွေကို နေ့တိုင်း လက်ချိုးပြီး စောင့်နေရတာ ဘယ်လောက်ထိပင်ပန်းတယ်မှတ်လဲ။မနေ့ကထိတောင် တွေးနေတာ။နွေဦးကိုတောင် ရောက်နေပြီ။အစ်ကိုဘာလို့ မလာသေးတာလဲလို့။ကျွန်တော့်ကို ညာပြီးထားခဲ့တယ်ပဲ မှတ်တာပေါ့"

အဆက်မပြတ် တရစပ်ပြောနေတဲ့ ကောင်လေးရဲ့ ဒီလိုပုံစံကို ဆော့ဂျင် တစ်ခါမှမမြင်ခဲ့ဖူးပါ။အမြဲတစေ စကားနည်းပြီး တခြားသူတွေနဲ့ဆို အရှက်အကြောက်ကြီးတတ်တဲ့ ကောင်လေးက စိတ်ဆိုးရင် ဒီလိုပုံစံလေးတဲ့လား။အင်း..ချစ်စရာလေး။

𝐒𝐏𝐑𝐈𝐍𝐆 𝐁𝐑𝐄𝐄𝐙𝐄 ║𝐉𝐢𝐧𝐤𝐨𝐨𝐤 ✓Where stories live. Discover now