☘︎ 5 ☘︎

1.6K 288 102
                                    

Unicode
_______

ည ၈ နာရီတိတိ။

တိုင်ကပ်နာရီဆီက နာရီလက်တံလှုပ်ရှားသံ တခြောက်​ခြောက်သည် တိတ်ဆိတ်နေသော ညအမှောင်ယံထဲတွင် စည်းချက်ညီညီ ထွက်ပေါ်လာသည်။အိပ်တန်းတက်နေသည့် ငှက်ကလေးတစ်ချို့ဆီမှ ကျီကျီကျာကျာ အသံကလွဲပြီး ပတ်ဝန်းကျင် တစ်ခုလုံး အိပ်မောကျလျက်။

ယခုအချိန်ထိ အိပ်မပျော်နိုင်သေးသူကား ကင်ဆော့ဂျင်တည်း။

ကုတင်ပေါ် ထိုင်လိုက်၊ထလိုက်နဲ့ ဂဏှာမငြိမ်ဖြစ်နေသော သူ့မှာ စက္ကန့်အရေအတွက် တစ်ခုချင်းစီက ကမ္ဘာချီပြီး ကြာသည်ဟု ထင်ရသည်။ကံဆိုးချင်တော့ အဘိုးကလည်း အိမ်ရှေ့က သစ်သားကုလားထိုင်မှာ ထိုင်ပြီး ပန်းမျိုးစေ့တွေကို သူ့အုပ်စုနဲ့သူ သပ်သပ်စီခွဲကာ အထုပ်ကလေးတွေ ထုပ်နေသည်မှာ ကြာလှပြီ။

"သူ ရောက်နေပြီလား မသိဘူး"

ဆော့ဂျင် ရင်တွေပူလာသည်။ကိုယ်က စ ပြီးချိန်းတာလား။သူကပဲ စ ချိန်းလေသလား မသဲကွဲတော့။ကိုယ်မလာမချင်း သူစောင့်နေရမှာဆိုသည့် အတွေးကသာခေါင်းထဲ ကြီးစိုးနေသည်။

အခန်းတံခါးကို ဟ ပြီး အသာချောင်းကြည့်တော့ အပြင်မှာမီးတွေ လင်းတုန်း။အဘိုးကတော့ အိပ်ပျော်နေပြီလား မသိ။လူရိပ်လူခြေတော့ တိတ်နေပြီ။

​သမံတလင်းကြမ်းပြင်ပေါ် ခြေဖျားကို အရင်ချ၊ ပြီးမှ ခြေဖနောင့်ကို အသံမမြည်အောင်နင်းပြီး ခန္ဓာကိုယ်ကိုလည်း ဟန်ချက်မပျက်အောင် ထိန်းရသေးသည်။

"ဒုန်း"

သူ့မျက်နှာ ရှုံ့မဲ့သွားပြီး ထိုနေရာမှာပင်ရပ်လိုက်မိသည်။အခန်းထောင့်က ပန်းအိုးနဲ့ ကိုယ်တစ်ခြမ်းနဲ့ ဝင်တိုက်မိသည့်အတွက် နည်းနည်းတော့ အီဆိမ့်သွားသည်။

"ကြွက်တွေကလည်း သောင်းကျန်းလိုက်တာ"

အဘိုး အခန်းထဲက အသံဖြစ်သည်။ကံကောင်းစွာနဲ့ပဲ အခန်းအပြင်တော့ထွက်မလာပါ။ထိုစကား တစ်ခွန်းပဲပြောပြီး ပြန်တိတ်ဆိတ်သွားသည်။

'ကြွက်တော့ မဟုတ်ပါဘူး။အလွန်ဂျီကျလွန်းတဲ့ ယုန်ဆိုးလေးနဲ့ သွားခိုးတွေ့မဲ့ သိုးပေါက်ပါ အဘိုးရေ' ဟု စိတ်ထဲတွေးရင်း ကြိတ်ပြုံးလိုက်သည်။

𝐒𝐏𝐑𝐈𝐍𝐆 𝐁𝐑𝐄𝐄𝐙𝐄 ║𝐉𝐢𝐧𝐤𝐨𝐨𝐤 ✓Where stories live. Discover now