☘︎ 2 ☘︎

1.8K 334 39
                                        

Unicode
-----------

ကုတင်ခေါင်းရင်းက ပြတင်းပေါက်ကို ဖွင့်လိုက်လျှင် ဖျော့တော့တော့ အရောင်တန်းတစ်ချို့နှင့်အတူ ခပ်သင်းသင်း ရနံ့လေးတစ်ခု နှာခေါင်းထဲတိုးဝင်လာသည်။နွေဦးရဲ့ လေတစ်သုတ်က ဆော့ဂျင် မျက်နှာကို ပြင်းရှရှတိုးဝှေ့လိုက်သဖြင့် မှေးစင်းထားသည့် အိပ်ချင်မူးတူး မျက်လုံးတွေပင် ကျယ်သွားရသည်။

ပါးလျလွန်းလှသည့် လိမ္မော်နုရောင် အလင်းတန်း။
အင်း..အလင်းတန်းလို့လည်း မဆိုသာပေဘူး။
ခပ်ပါးပါး အလင်းကွက်လေးတစ်ခု။
တစ်နည်းအားဖြင့် သိပ်ကို ကြီးမားပြီး စွမ်းအားရှိတဲ့ ေရာင်စဥ်တစ်ခုဖြစ်အောင် အားယူနေတဲ့ အလင်းစက်လေး။

"နွေးထွေးလိုက်တာ"

သူ့နှုတ်က တိုးတိုးရေရွတ်ပြီး မကြာမီပင် ထိုအလင်းအစက်အပြောက်လေးက ဖြန့်ကားသွားတာများ ဖိတ်စင်ပြီးလျှံကျလာသည့် လိမ္မော်ရည်တွေလိုမျိုး။

စူးရှတောက်ပတဲ့ နေရောင်ခြည်အဖြစ် မမွေးဖွားမီ အကြိုရှေ့ပြေးရောင်စဥ်လေးအဖြစ်ပေါ့။

ချွေးအနည်းငယ် စို့လောက်စေသော နေရောင်သည် ကမ္ဘာမြေကြီးသို့ မကြာခင်လာရောက်တော့မည်ဖြစ်ကြောင်း ထိုလိမ္မော်နုရောင်အလင်းတန်းလေးကို တမန်တော်အဖြစ် ဦးစွာစေလွှတ်ပြီး နေမင်းကြီးက အသိပေးဟန်တူပါသည်။

ငှက်သေးသေးနှစ်ကောင်က ဆော့ဂျင်နှင့် မျက်နှာချင်းဆိုင်တည့်တည့် သစ်ပင်အကိုင်းဖျားပေါ်မှာ တကျီကျီနှင့် မနက်ခင်းကို ကြိုဆိုနေသည်။

လည်ချင်းယှက်ပြီး အတောင်တဖျတ်ဖျတ်ခတ်နေသော ထိုငှက်ကလေးနှစ်ကောင်ကို ကြည့်ပြီး သူ့စိတ်ထဲ ကြည်နူးသွားရသည်။

"အင်း..."

ရင်ကိုကော့ပြီး လက်နှစ်ဖက်ကိုမြှောက် မျက်လုံးတွေမှိတ်ကာ အသက်တစ်ချက်ရှုသွင်းလိုက်သည်။နှာသီးဝကို တိုးဝင်လာတာက မြေမှုန်တွေပေါ်ကို ရေဖြန်းလိုက်သည့် လတ်လတ်ဆတ်ဆတ် မြေသင်းနံ့မျိုး။

ထိုရနံ့လေးကို သူတကယ်နှစ်သက်သည်။တန်ဖိုးကြီး ရေမွှေးရနံ့တွေထက် ပိုက်ဆံပေးဝယ်၍ မရသော သဘာဝရနံ့တွေ။မြေသင်းနံ့နဲ့အတူ တွဲဖက်ပါလာသော ရေ၏ အေးမြသောခံစားချက်။

𝐒𝐏𝐑𝐈𝐍𝐆 𝐁𝐑𝐄𝐄𝐙𝐄 ║𝐉𝐢𝐧𝐤𝐨𝐨𝐤 ✓Where stories live. Discover now