☘︎ 6 ☘︎

1.6K 283 44
                                    

Unicode
________


အရုဏ်ဦး၏ မှုန်ပျပျ အလင်းရောင်အောက်တွင် စက်ဘီးကလေးတစ်စီးသည် ကွင်းပြင်ကြားက မြေသားလမ်းလေးပေါ်၌ ခပ်မှန်မှန် ရွေ့လျားနေသည်။

ခြေသလုံးလောက်ထိ ရှည်လျားသော မြက်ပင်စိမ်းများသည် ကွင်းအပြည့်ပေါက်ရောက်လျက်ရှိသည်။တစ်မျှော်တစ်ခေါ် ကျယ်ပြောလှသော ထိုအစိမ်းရောင်ကမ္ဘာထဲတွင် အဖြူရောင်စက်ဘီးလေး။

ထိုစက်ဘီးလေးသည် ဟန်ချက်ညီစွာပင် မပီဝိုးတဝါးအလင်းရောင်ကို အံတုလျက် တရိပ်ရိပ်တိုးဝင်လာသည်။

အာကာတစ်ခွင်လုံးကို တစ်ညတာ အပိုင်သိမ်းအုပ်စိုးထားသော အမှောင်ထုသည် နေမင်း၏ အလင်းရောင် တစ်စွန်းတစ်စပေါ်လာသည်နှင့် တဖြည်းဖြည်း ငုပ်လျှိုးသွားတော့သည်။

အရှေ့ဘက်ဆီမှ ဝါကျင့်ကျင့်ရောင် တိမ်မျှင်များ။
အဝါရောင်မှ ပန်းရင့်ရောင်။ထို့နောက် အနီရောင်ရင့်ရင့်သို့ ရုတ်ချည်းကူးပြောင်းသွားသောအခါ အလင်းအားပိုကောင်းလာသလို ပတ်ဝန်းကျင် မြင်ကွင်းကလည်း ထင်ထင်ရှားရှား ရုပ်လုံးပေါ်လာသည်။

"ကု...ငါတစ်လှည့်နင်းရမလား"

'ကု' တဲ့...

အဖျားစွတ်ခေါ်တဲ့ နာမ်စားလေး။
မြတ်မြတ်နိုးနိုးနဲ့များ ခေါ်လိုက်ရင်လေ ဒီကောင်လေးမှာ ဟိုးရင်ထဲအသည်းထဲအထိ ကြည်နူးသွားမိတာများ 'ဗျာ' ဆိုပြီး ချက်ချင်းပြန်ထူးချင်တဲ့အထိ။

နှစ်ယောက်တည်း ရှိနေချိန်မှသာ 'ကု' ဆိုပြီး နင့်နင့်သည်းသည်း ခေါ်တတ်တဲ့ အစ်ကိုဟာ တခြားသူတွေရှေ့မှာတော့ 'ဂျောင်ကုကီး'ဆိုပြီး ခပ်တည်တည်နဲ့ခေါ်တတ်ပြန်သေးသည်။

"ကု....မေးနေတယ်လေ။ ငါတစ်လှည့်နင်းရမလားလို့"

"ဗျာ...ရပါတယ် အစ်ကိုရာ။အစ်ကို့ ခန္ဓာကိုယ်က ဘယ်လောက်လေးတာမှတ်လို့လဲ"

"ခဏလေး ရပ်ပါဦး။နားရအောင်"

အစ်ကို့အလိုကျ လမ်းဘေးတစ်နေရာမှာ စက်ဘီးလေးကို ထိုးရပ်ပြီး ဒေါက်ထောက်ထားလိုက်သည်။စက်ဘီးဂိုက်က စတီးချိုင့်ကိုလည်း ထွက်မကျအောင်သေချာ ချိတ်ရသည်။

𝐒𝐏𝐑𝐈𝐍𝐆 𝐁𝐑𝐄𝐄𝐙𝐄 ║𝐉𝐢𝐧𝐤𝐨𝐨𝐤 ✓Where stories live. Discover now