☘︎ 7 ☘︎

1.4K 280 46
                                    

Unicode
________

"မေ့သားလေး ပြန်လာပြီလား"

ကားပေါ်က ဆင်းလိုက်သည်နှင့် သူ့ခြေလက်တွေ လေးကန်နေသည်။ကျောပိုးအိတ်ကို စိတ်မပါလက်မပါ လွယ်လိုက်ရင်း အိမ်ပေါက်ဝမှာ ဆီးကြိုနေသော မေမေ့ကိုပြုံးပြလိုက်သည်။

"သားရယ် ခရီးပန်းလာသလား။မျက်နှာလေးကို နွမ်းနေတော့တယ်"

"မဟုတ်ပါဘူး မေမေ။ သားနားလိုက်ရင် အဆင်ပြေသွားမှာပါ"

"မင့်အဖေကတော့ ကုမ္ပဏီမှာ တစ်ယောက်တည်း အလုပ်တွေမနိုင်မနင်းနဲ့။မင်းပြန်လာမှပဲ သက်သာတော့မယ်"

စီးပွားရေးကို သူများတွေထက်ပိုပြီး ဇောက်ချလုပ်တတ်သည့် အဖေနှင့်အမေရဲ့ စကားတွေထဲမှာ စီးပွားရေး အကြောင်းကမပါမဖြစ်။'ဘာလို့ ဒီလောက်လုပ်နေရတာလဲ၊နားပါဦး'ဟု ကရုဏာဖြင့် မေးမိလျှင် 'ဒါတွေအားလုံးက သားအတွက်ပဲ'ဟု ဖြေတတ်သည်။တကယ်တမ်းတော့ ငွေရှာနေရတာကို ပျော်စရာဟုသတ်မှတ်ထားသော သူတို့မိသားစုသည် တခြားမိသားစုတွေထက် စိမ်းသက်နေသည်က အမှန်။

"သား အဘိုးရော နေကောင်းလား "

"ကောင်းသမှ ဒေါင်ဒေါင်မြည်ပဲ။မေမေတို့ထက်တောင် ပိုသွက်လက်နေသေးတယ်"

"အလုပ်တွေအားမှပဲ သားအဘိုးဆီ သွားလည်ဦးမယ်"

ဘယ်တော့မှ အားမှာမဟုတ်သည့် ေမမေ့ကို သူဘာမှ ထပ်မပြောဖြစ်တော့ပါ။ပါးစပ်ဖြင့်သာ အခေါက်ပေါင်းများစွာ အလည်သွားနေသော မေမေသည် တကယ်တမ်းကျ ကုမ္ပဏီနဲ့ အိမ်ကို အသွားအပြန်လုပ်နေတာကလွဲရင် ဝေးဝေးလံလံ ဘယ်နေရာကိုမှမသွားပါ။အဘိုးရှိတဲ့ တောအရပ်လိုနေရာမျိုးဆို သွားဖို့ပိုတောင်ဝေးပေါ့။

"သား နားတော့မယ် "

ဆော့ဂျင် အခန်းထဲ ဝင်ပြီး တံခါးကို lockချထားလိုက်သည်။ထို့နောက် ကုတင်ပေါ် ပစ်လှဲလိုက်ရင်း မျက်လုံးတွေမှိတ်ထားလိုက်သည်။မကြာခင် ကွန်ပျူတာရှေ့ စာရွက်တစ်ပုံတစ်ခေါင်းနဲ့ ခေါင်းစိုက်ရတော့မည့် ကိုယ့်အဖြစ်ကို မြင်ယောင်မိတော့ ေစာင်ပုံတွေကြားထဲ တိုးဝင်ရင်း အသံတိတ်အော်လိုက်မိသည်။သူ မရှိတုန်း လှစ်ဟာသွားသည့် ရက်တွေအတွက် အစားထိုးပြန်လုပ်ရမည့် အလုပ်တွေက အသင့်စောင့်ကြိုလျက်ရှိသည်။

𝐒𝐏𝐑𝐈𝐍𝐆 𝐁𝐑𝐄𝐄𝐙𝐄 ║𝐉𝐢𝐧𝐤𝐨𝐨𝐤 ✓Where stories live. Discover now