Unicode
"ကျန်းကျယ်ဟန့်ဆိုတာ ရှင်လား"
"ဟုတ်ပါတယ် ကျွန်တော်ပါ"
"interviewစပါပြီရှင့်...အခု ကျွန်မနောက်ကိုလိုက်ခဲ့ပါနော်"
အလုပ်နေရာအတွက်ရွေးချယ်ခံထားရတဲ့လူ ငါးယောက်ထဲမှာမှ ကိုယ့်နာမည်က အရင်ဆုံးကျတာကြောင့် စိတ်တော့နည်းနည်းလှုပ်ရှားမိသွားပေမဲ့ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ ပညာရပ်အပေါ် အပြည့်အဝယုံကြည်စိတ်နဲ့ပဲ ရင်ဆိုင်ကြည့်ရန်ဆုံးဖြတ်ကာ ကိုယ့်နည်းတူရွေးချယ်ခံ authorတွေထိုင်ကြရာ ခုံတန်းရှည်ကနေ ပေါ့ပါးစွာထထွက်ခဲ့လိုက်သည်။
ခဏမျှလျှောက်လှမ်းပြီးသည့်နောက်
အတွင်းရေးမှူးမိန်းကလေးက အခန်းတစ်ခုရှေ့ မတ်တပ်ရပ်လိုက်ကာ လက်
ဆန့်ညွှန်ပြရင်း......."ဝင်သွားလိုက်ပါ..အထဲမှာ bossစောင့်နေပါတယ်ရှင့်"
သူလဲ ထိုမိန်းကလေးဆီခေါင်းတစ်ချက်
ငြိမ့်ပြလိုက်ပြီးနောက် အခန်းတံခါးကို
ခပ်ဖွဖွနှစ်ချက်ခေါက်ကာ အသာဟရင်းဝင်ခဲ့လိုက်သည်။တံခါးရဲ့တစ်ဖက်မှာတော့ တစ်စုံ
တစ်ယောက်ရဲ့ အလုပ်ခန်းကသားနား
သပ်ရပ်စွာတည်ရှိနေ၏။ အခန်းတံခါးရဲ့မျက်နှာချင်းဆိုင်က အလုပ်စားပွဲခပ်
ကြီးကြီးပေါ်ရှိ Chief Executive
Officer Gong Junဆိုတဲ့ နာမည်စာတန်းက ကျန်းကျယ်ဟန့်ရဲ့အာရုံကိုအပြည့်အဝဖမ်းယူလိုက်တော့သည်။ကုန်းကျွင့်ဆိုတာ.....မဟုတ်မှလွဲရော...။
"တကယ်ပဲ မင်းဖြစ်နေတာကိုး.....
ဆရာကိုကို"ရုတ်တရက်ထွက်ပေါ်လာတဲ့အသံတစ်ခု။ တစ်ချိန်ကရင်းနှီးခဲ့တဲ့အသံဖြစ်ပေမဲ့ အခုချိန်မှာတော့ စိမ်းသက်တဲ့အငွေ့
အသက်တစ်ချို့ ရောယှက်လို့နေ၏။အသံပိုင်ရှင်က အလုပ်စားပွဲနောက်က
ဆုံလည်ခုံကို တဖြေးဖြေးကျယ်ဟန့်ရှိရာဘက် လှည့်လိုက်ရင်း စကားထပ်ဆို
လာပြန်သည်။"မတွေ့ရတာကြာပြီနော်"
တံတောင်အထိခေါက်တင်ထားတဲ့
ရှပ်လက်ရှည်ဖြူဖြူက နက်ကတိုင်အနက်ရောင်နဲ့မို့ ကြည့်ရတာလိုက်ဖက်မှုရှိနေ၏။ ထိုင်ခုံပေါ် လက်ပိုက်ကာ စမတ်ကျကျထိုင်နေတဲ့ထိုသူက မြင်ရတဲ့လူကို ရှိန်သွားစေမယ့် ကိုယ်ယောင်ကိုယ်ဝါတစ်မျိုးရှိနေပြီး လက်နှစ်ဖက်ပေါ်ကအထင်းသားမြင်နေရတဲ့အကြော
စိမ်းစိမ်းတွေက ထိုသူ့ကိုပိုပြီးခန့်ညားနေစေသည်။
YOU ARE READING
Melt In Your Smile (Completed)