Part-12

403 81 4
                                    

Unicode

"မင်းမေးရမှာအဲဒါမဟုတ်ဘူးလေ..အဲဒီ့
ပုံတွေကို ငါဘယ်သူ့ဆီပို့ထားသေးလဲ
ဆိုပြီးမေးရမှာ"

လီဝေ့ဆီကရယ်သံကျဲကျဲနဲ့ဆိုလာတဲ့စကားသံကိုကြားတော့ ကျန်းကျယ်ဟန့်ကဒေါသထွက်လွန်းလို့ အသက်ရှူသံ
တွေပါပြင်းလာရတော့သည်။

"မင်း!! အဲဒီ့memory stickကဘာလဲ..
မင်းဘာဖြစ်ချင်တာလဲ..ဒီအလိမ်အညာဓာတ်ပုံတွေကို ဘယ်သူ့ဆီလျှောက်ပို့ထားသေးတာလဲ"

"ဟားဟားဟား..အရမ်းစိတ်တိုမနေနဲ့လေ မေးခွန်းတွေကလဲများလိုက်တာ လွန်ရော..အခုချိန်ထိတော့ တခြားဘယ်သူ့ဆီမှ မပုိ့ရသေးပါဘူး..နောင် ပို့မပို့ဆိုတာတော့ မင်းအပေါ်မူတည်မှာပေါ့..
ဓာတ်ပုံေတွကတော့ တွေးကြည့်လိုက်ရင်ရှင်းရှင်းလေးရယ်..script teamကဝန်ထမ်းက တခြားdirectorတစ်ယောက်ရဲ့ managerဆီကို memory stickတစ်ခုခိုးကြောင်ခိုးဝှက်ပေးတယ် အဲဒီ့directorကလဲ အဲ့ဝန်ထမ်းအလုပ်လုပ်နေတဲ့ entertainmentဆီကနေ ဇာတ်ညွှန်းဝယ်ဖို့ကမ်းလှမ်းဖူးပေမဲ့ အငြင်းခံလိုက်ရတဲ့director...အဟား ဘယ်သူပဲကြည့်ကြည့် မင်းကကိုယ့်
entertainmentကဇာတ်ညွှန်းကိုခိုးပြီးရောင်းစားတယ်လို့မြင်ကြမှာပဲ ဟားဟားဟားဟား"

"ဘာအတွက်ဒီလိုလုပ်တာလဲ..မင်း ဘာဖြစ်ချင်တာလဲ"

"ငါက ကူညီပေးရုံပါ..ဒီလိုလုပ်ပါလား
ငါအခု အလုပ်ကိစ္စကြောင့် မင်းရဲ့နေရာ
နဲ့သိပ်မဝေးတဲ့ ဟိုတယ်တစ်ခုမှာခဏတည်းနေတယ် ဟိုတယ်ရဲ့မြေညီထပ်က စားသောက်ဆိုင်မှာ ငါစောင့်နေမယ်..မင်းလာခဲ့လိုက် အားလုံးရှင်းသွားအောင် ပြောပြမယ်"

ကျန်းကျယ်ဟန့်က အက်ျီတောင် လဲမနေတော့ဘဲ T-shirtအဖြူ၊ ဘောင်းဘီဒူးလောက်အတိုအတိုင်းပဲ ဖုန်းနဲ့အတူ ဝါကျင့်ကျင့်စက္ကူအိတ်ထုတ်ကိုကိုင်ကာ လီဝေပြောတဲ့ ဟိုတယ်ဆီထွက်လာတော့သည်။

ကျန်းကျယ်ဟန့်ရဲ့အိမ်ဆီလာတဲ့ကုန်း
ကျွင့်က လမ်းအကွေ့မှာတင် တစ်ဖက်
မျက်နှာချင်းဆိုင်ကမောင်းလာတဲ့ taxi
ပေါ်မှာ ချစ်ရသူရဲ့မျက်နှာကိုလှမ်းတွေ့
လိုက်တာမို့ ကားစတီယာရင်ကိုပြန်ကွေ့လိုက်ရင်း ထိုtaxiရဲ့အနောက်သို့...။

Melt In Your Smile (Completed)Where stories live. Discover now