Final (Pt.2)

596 73 57
                                    

(အားလုံးကိုတောင်းပန်ပါတယ်...HEဖြစ်စေချင်ကြတာ နားလည်ပေမဲ့ ကိုယ်နည်းနည်းယုတ်မာလိုက်မိတယ်)😔

Unicode

၅လကြာခဲ့ပြီ...။

ထိတ်လန့်ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်ကြီး ပြီးဆုံးပြီးတဲ့နောက် အချိန်၅လကြာကုန်လွန်သွားခဲ့ပြီ။

ငြီးစီစီခံစားချက်နဲ့အတူ မျက်လုံးတွေကိုဖွင့်ကြည့်မိတော့ သူဟာ ခြောက်ကပ်ကပ်အိပ်ရာတစ်ခုပေါ်မှာရှိနေခဲ့သည်။ မနေ့ညက ပင်ပင်ပန်းပန်းနဲ့ ရေမချိုးဘဲအိပ်ရာဝင်ခဲ့မိလိုက်သည်ကိုတော့ ဇဝေဇဝါမှတ်မိနေခဲ့၏။ ပင်ပန်းလွန်းလို့ အဝတ်အစားတွေတောင် မလဲနိုင်တော့ဘဲ အိပ်ရာပေါ်ခေါင်းချလိုက်သည်နှင့် တန်းပြီးအိပ်ပျော်သွားခဲ့ပုံရတဲ့သူ့အတွက်...အဝတ်တွေမလဲရကောင်းလားဟု ဂရုတစိုက်ဆူပူပေးမည့် ၊ ထမင်းစားပြီးမှ အိပ်ပါရန် ပြောဆိုသတိပေးမည့် ၊ အလုပ်ပင်ပန်းလာတဲ့သူ့အား နွေးထွေးတဲ့ပွေ့ဖက်မှုလေးတစ်ခု သို့တည်းမဟုတ် နူးညံ့ချိုမြိန်တဲ့အနမ်းလေးတစ်ပွင့်နဲ့ အားပြန်ပြည့်စေမည့် တစ်ယောက်သောသူသည်ကား သူ့ရဲ့နံဘေးမှာ ရှိမနေခဲ့ပါချေ။

ကုန်းကျွင့်က လစ်ဟာနေတဲ့ အိပ်ရာတစ်ဖက်ခြမ်းဆီကြည့်လိုက်ပြီး နာကျင်စွာသက်ပြင်းချလိုက်မိသည်။ လှိုက်တက်လာတဲ့ ဝမ်းနည်းလွမ်းဆွတ်မှုတို့ကို ထိုသက်ပြင်းတစ်ချက်နဲ့အတူ ချုပ်တည်းထားလိုက်ရင်း လေးလံနေတဲ့ခန္ဓာကိုယ်ကို ပျင်းရိပျင်းတွဲထူမလိုက်သည်။ အလုပ်နဲ့ပတ်သက်တဲ့ချိန်းဆိုမှုက နေ့လယ် ၁၂နာရီနောက်ပိုင်းမှ စလိမ့်မည်မို့ အဲဒီ့အချိန်မတိုင်ခင် တစ်နေရာကိုအရင်သွားလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်  ရေမိုးချိုးပြင်ဆင်ကာ ကားနဲ့ထွက်ခဲ့လိုက်တော့သည်။

.

တလှိမ့်လှိမ့်ရွေ့လာတဲ့ကားလေးက ကျောက်ကမ္ပည်းတိုင်ဖြူဖြူတွေအစီအရီရှိနေတဲ့ သုသာန်လေးတစ်ခုရှေ့ ရပ်တန့်သွား၏။ မကြာခဏလာဖြစ်နေတဲ့သူ့အတွက် အရေးပါလှတဲ့တစ်စုံတစ်ယောက်ရဲ့ ကမ္ပည်းတိုင်လေးရှိရာဆီ ခြေလှမ်းမှန်မှန်နဲ့လျှောက်လှမ်းသွားလိုက်ပြီး အရှေ့ဆီရောက်တော့ ဒူးကိုကွေးကာ ထိုင်ချလိုက်မိသည်။ လက်ထဲပါလာတဲ့ ပန်းစည်းသေးသေးလေးကို ကမ္ပည်းတိုင်ဖြူဖြူရှေ့က မြေအိုးငယ်ဆီ ဂရုတစိုက် နေရာချလိုက်သည်။ ထို့နောက် အမွှေးတိုင်စအဟောင်းတွေကိုပါ ဆွဲနှုတ်ကာရှင်းလင်းပစ်လိုက်ပြီး အမွှေးတိုင်သစ်တချို့ကိုမီးညှိကာ ကနဦးက​မြေသားထက် အသာထိုးစိုက်လိုက်၏။

Melt In Your Smile (Completed)Where stories live. Discover now