Part-14

414 89 10
                                    

Unicode

အခန်းငယ်ထဲမှာရှိတဲ့ နံရံကပ်နာရီရဲ့
လက်တံက သန်းခေါင်ယံချိန်ကိုညွှန်
ပြနေ၏။ အိပ်ရာပေါ်က ကျန်းကျယ်ဟန့်က လေးလံနေတဲ့မျက်ခွံတွေကိုဖြေး
ဖြေးချင်းဖွင့်လိုက်ပြီး ဝေဝေဝါးဝါးဖြစ်နေတဲ့အမြင်အာရုံနဲ့ပဲ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ရှုလိုက်သည်။

နောက်ဆုံးမှတ်မိနေတဲ့မှတ်ဉာဏ်ထဲမှာ
တော့ သူဟာခန္ဓာကိုယ်တစ်ခုလုံးမထိန်း
နိုင်တော့ဘဲ စားပွဲပေါ်မှောက်ကျသွားခဲ့ပါ၏။ လက်ရှိအခြေအနေနဲ့ ထိုမှတ်
ဉာဏ်အပိုင်းအစနဲ့ကို ဆက်စပ်နိုင်ရန်
အလို့ငှာ သူကလှဲနေရာကနေ အသာ
ထထိုင်လိုက်သည်။ ခပ်လေးလေးဖြစ်
နေတဲ့ခေါင်းနဲ့ ထုံထိုင်းဆဲဖြစ်နေတဲ့ခြေ
လက်တွေကလွဲပြီး အမြင်အာရုံတွေက
တော့ တဖြေးဖြေးကြည်လင်လာပါ၏။

ခုတင်​ခြေရင်းဘက်နားမှာရှိတဲ့ ဆက်တီ
ခုံပေါ် ထိုင်နေတဲ့ ကုန်းကျွင့်ကိုတွေ့တော့ အခြေအနေတွေက သူ့အတွက်ပိုပြီးရှုတ်ထွေးနေသယောင်ဖြစ်လို့သွားတော့သည်။ ကျန်းကျယ်ဟန့်က ကိုယ်ပေါ်ကစောင်ကိုဖယ်ကာ နေရာကထလိုက်ပြီးကုန်းကျွင့်ဆီလျှောက်သွားလိုက်သည်။ ကုန်းကျွင့်က ဆက်တီခုံရဲ့လက်တင်ပေါ် တံတောင်ကိုတင်ထားရင်း နဖူးကို လက်နဲ့ထောက်ကာ ငြိမ်သက်လို့နေ၏။ အိပ်မောကျနေပုံပေါ်တဲ့ကုန်းကျွင့်ရဲ့အရှေ့မှာကျန်းကျယ်ဟန့်က ဒူးကိုကွေးကာ ထိုင်ချလိုက်သည်။ ချက်အောက်ပိုင်းနားက နီကျင့်ကျင့်အကွက်ကြီးကိုမြင်တော့ ကျန်းကျယ်ဟန့်က ထိတ်ခနဲဖြစ်သွားပြီး......

"boss...boss"

"ဟင်....băo(ပေါင်)"

"ဘာတွေဖြစ်ကုန်တာလဲ...လီဝေကရော
ဘယ်မှာလဲ"

"băo(ပေါင်)ဆေးခတ်ခံထားရတယ်...
အခု ဘယ်လိုနေသေးလဲ ခန္ဓာကိုယ်က
အဆင်ပြေရဲ့လား"

"ကျွန်တော်ကဘာမှမဖြစ်ဘူး..bossရဲ့
ဒီဟာက ဘာတွေလဲ သွေးတွေလား"

"ဟင့်အင်း"

ကုန်းကျွင့်က ကျန်းကျယ်ဟန့်ကို လှမ်း
ကာပွေ့ဖက်လိုက်မိသည်။

"ကျေးဇူးပါ...băo(ပေါင်)တစ်ခုခုဆိုး
ဆိုးရွားရွားဖြစ်သွားခဲ့ရင် ကိုယ်တော့..
ဟူး....အချိန်မှီရောက်လာနိုင်ခဲ့လို့ ကံတ
ရားကို ကျေးဇူးတင်လိုက်တာ"

Melt In Your Smile (Completed)Where stories live. Discover now