Part-2

583 101 3
                                    

Unicode

မနက်ဖြန်က ကျောင်းဖွင့်ရက်မို့ ကုန်းကျွင့်အတွက်အိမ်မှာသင်ရမယ့်စာသင်ချိန်က တစ်နာရီခွဲမျှသာ ရလိမ့်မည်ဖြစ်သည်။

ကုန်းကျွင့်အတွက်ကတော့ စာသင်ချိန်ပိုများသည့် ကျောင်းပိတ်ရက်နှစ်ရက်ကသာ ပျော်စရာအကောင်းဆုံးရက်များဖြစ်၏။

သူစိမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ
ကိုမနှစ်သက်တဲ့သူက အရင်ဆရာပေါင်းများစွာကိုလဲ သူ့ရဲ့ကလေးဆန်ဆန်ဗျူဟာများဖြင့် အသာလေး ပ ထုတ်နိုင်ခဲ့သည်။ ပါးနဲ့မားစီစဥ်ပေးသမျှ ဆရာတိုင်းကို သူသိပ်ပြီးအလေးမထားခဲ့။

သို့သော်..သူ့ရဲ့ထိုအလေးမထားမှုက
ကျန်းကျယ်ဟန့်ရောက်လာချိန်ကစပြီး
ပျောက်ခြင်းမလှပျောက်ကွယ်သွားရ
တော့သည်။ ထိုသူစရောက်လာတဲ့နေ့
ပထမဦးဆုံးတွေ့ဆုံမှုမှာတင် သူ့ရဲ့အေးချမ်းတဲ့မျက်နှာနဲ့ တည်ငြိမ်တဲ့စကားပြောသံတို့က နှစ်လိုဖွယ်ကောင်းလွန်းသည်ဟု ယူဆမိခဲ့ပြီး စာသင်တဲ့ကာလတစ်လျှောက်လုံးမှာလဲ ထိုသူ့ရဲ့စကားကိုဆို အလိုအလျောက်ကိုလိုက်နာချင်မိတာမျိုး...။

ထိုသူမျက်နှာညှိုးမှာမျိုး၊ ထိုသူ စိတ်ခု
သွားမှာမျိုးကအစ လိုက်တွေးပူရတဲ့အထိ ကုန်းကျွင့်က ထိုသူ့အပေါ်အလေး
အနက်ထားမိ၏။

မျက်နှာတည်ပြီးအထာကိုင်တတ်တဲ့လူ
မျိုးတွေကို အမြင်ကတ်ခဲ့ပေမဲ့ ကျန်းကျယ်ဟန့်ကတော့ ကုန်းကျွင့်အတွက်
ခြွင်းချက်တစ်ခုဖြစ်သည်။

"ကျွန်တော်လေ ဆရာကိုကို့ကို အရမ်း
သဘောကျတာပဲ"

အဲဒီ့စကားက ကျန်းကျယ်ဟန့်ဆီ ကုန်း
ကျွင့်ပြောနေကျစကား...။ 'သဘောကျ
တယ်' ဆိုတဲ့စကားထဲမှာ ဘယ်လို
တခြားဆိုလိုရင်းအဓိပ္ပါယ်တွေပါနေသလဲဆိုတာကိုတော့ ကျန်းကျယ်ဟန့်မပြောနဲ့...ကာယကံရှင် ကုန်းကျွင့်ကိုယ်တိုင်တောင် ရေရေရာရာမသိပါချေ။

တစ်ခုခုစိတ်ပျော်ရွှင်စရာရှိတိုင်း ပြုံးရွှင်ရင်း...."ဆရာကိုကို့ကို တကယ်သဘောကျတယ်..ဆရာကိုကိုက အကောင်းဆုံးပဲ" ဆိုတဲ့စကားက ကုန်းကျွင့်အတွက် ပြောနေကျအကျင့်တစ်ခုလိုပင်ဖြစ်နေပြီမို့ ကျန်းကျယ်ဟန့်အတွက်ကလဲ အထူးအဆန်းတစ်ခုမဟုတ်တော့သလို အရေးတယူပြုစရာအရာတစ်ခုအဖြစ်ပင် တွက်ယူမိခဲ့မည်မဟုတ်ပေ။

Melt In Your Smile (Completed)Waar verhalen tot leven komen. Ontdek het nu