Part-9

449 89 16
                                    

Unicode

ကုန်းကျွင့်ရဲ့အသံကျယ်ကျယ်ကြောင့်
ထိတ်လန့်သွားတဲ့အမျိုးသမီးဝန်ထမ်း။

"အမလေး boss!!"

"boss?"

"ဆင်းတော့ băo(ပေါင်)..paperကိုဘယ်နှယောက်စာတောင် ယူမလို့လဲ"

"leaderက ၇ထုတ်ယူဖို့မှာလိုက်လို့.."

"ဘာ!!!"

ကျယ်ဟန့်ကိုလာကူတဲ့ ဝန်ထမ်းအမျိုး
သမီးခမျာ ဒေါသတကြီးဖြစ်နေတဲ့
bossကိုကြည့်လိုက် bossရဲ့băo(ပေါင်)
ဆိုတဲ့ ကျန်းကျယ်ဟန့်ကိုကြည့်လိုက်နှင့်အနားကနေ အငွေ့ပျံပြီးသားပျောက်
သွားချင်မိတော့သည်။ သူမက တွန့်
ဆုတ်စွာ စကားဆိုလိုက်၏။

"ဟို ဟုတ်တယ် boss....leaderက"

"မလိုဘူး...အခုဆင်း"

ကျန်းကျယ်ဟန့်တစ်ယောက် ဆက်ပဲ
ယူရမလို ေအာက်ပဲဆင်းရမလိုအနေ
အထားဖြစ်နေတုန်းမှာပဲ စတိုခန်းဆီရောက်လာခဲ့တဲ့ ရှဲ့ဝမ်ယွီ။ သူမက paperနှစ်ထုတ်ပိုက်ထားတဲ့ ဝန်ထမ်းအမျိုးသမီးကိုမြင်တော့ မျက်နှာထားတစ်မျိုးပြောင်းသွားရင်း.....

"boss...ကျွန်မ"

"ဒါက ဘယ်နှယောက်စာတောင်လဲ"

"ရှင်! မဟုတ်ဘူး..ကျယ်ဟန့်ကောက"

"မင်းကလူဟောင်းတစ်ယောက်ပဲ..ဒီစတိုခန်းကို အားလုံးဘယ်လိုသုံးကြသလဲဆိုတာ သူတို့ထက်မင်းကပိုသိရမှာမဟုတ်ဘူးလား...ဘာလို့ဒီလိုခိုင်းရတာလဲ အရင်ထဲက ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းအတွက် လိုရင်လိုသ
လောက် အလုပ်ချိန်အတွင်းကြိုက်တဲ့အချိန်ဝင်ယူနိုင်အောင်စတိုခန်းကို သော့တောင်ပိတ်မထားခဲ့ဘူးလေ..အဲဒီ့အရင်ထဲက ဒီလိုမျိုး တစ်ဌာနလုံးရဲ့လိုတဲ့ပစ္စည်းတွေကို လူတစ်ယောက်ထဲကိုလာယူခိုင်းတာမျိုး ဘယ်ဌာနက team leaderတွေက လုပ်ခဲ့ဖူးလို့လဲ မင်းအဲ့လိုတွေ့ဖူးလို့လား"

ကုန်းကျွင့်ရဲ့ဒေါသတကြီးဆိုလာတဲ့
စကားအရှည်ကြီးဆုံးတဲ့နောက် ရှဲ ့ဝမ်ယွီက သူမအကြံအစည်ရဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့အခြေအနေအပေါ် အထိတ်တလန့်ဖြစ်သွားပြီး ကပြာကယာနဲ့ပဲ မုသားနှောကာ ဝင်ဖြေတော့
သည်။

Melt In Your Smile (Completed)Where stories live. Discover now